Sunday, March 29, 2015

သက္ကရာဇ်​ ၂၀၉၀ ၏မနက်​ခင်း

သက္ကရာဇ်​ ၂၀၉၀ ၏ မနက်​ခင်း
+++++++++++++++++++++

"ခ​ရေ"ဟု ​ရေရွတ်​လိုက်​​သောအခါ
ပတ်​ဝန်းကျင်​မှာ နှင်းဆီနံ့​တွေ သင်းဖြာကုန်​၏

ကျောင်းသူ ​ကျောင်းသားများက
ဆရာ ဆို​သောစကားလုံး၏ခက်​ဆစ်​ကို
အဘိဓာန်​မှာ ခက်​ခက်​ခဲခဲရှာရ၏

ကောင်းကင်​ပြာပြာကိုမမြင်​ဖူးရှာ​သောသားငယ်​က
အဖွား​ပြော​သောပုံပြင်​ထဲမှာ စိတ်​မဝင်​စား​တော့

စပါးပင်​များနွဲ့ယိမ်း​နေ​သော TV ပြကွက်​အား
က​လေးများတအံ့တသြကြည့်​​နေကြ၏

ကမ္ဘာသမ္မတကြီးက လူအားလုံးအတွက်​ မိန့်​ခွန်းကို
ဘာသာစကားတစ်​မျိုးတည်းဖြင့်​သာ ​ပြောရ၏

ကျွန်ုပ်​သည်​ ချစ်​သူ၏ နဖူးအား
ခပ်​ဖွဖွနမ်းလိုက်​မိ၏

No comments:

Post a Comment