Monday, March 2, 2015

တိမ်​​တွေက​သောင်းကနင်းပွင့်​တဲ့ည

တိမ်​​တွေ က​သောင်းကနင်း ပွင့်​တဲ့ည
......................................................

ခါတိုင်းထက်​ပိုလှတဲ့တိမ်​​တွေက
ခါတိုင်းထက်​ပိုပြီး ရူးရူးမူးမူး ပွင့်​ပြ
မနက်​ဖြန်​မှာ သာမယ့်​လမင်းကို အန်​တုကြ

ဟိုး...​ဝေး​ဝေး မန်​ကျည်းပင်​ကြီး​တွေဆီက
"တိမ်​​ကြောက်​သီချင်း" ဆိုညည်းသံကြားရ
သနပ်​ခါးမ​လေးရဲ့ အပြုံးဖွဖွ လွင့်​ကျ

ည​မွှေးပန်း​တွေဆီက ရနံ့သင်းသင်း​တွေ ​ပျောက်​ရှ
လေ​ပြေ​လေညင်းကလည်း​ ဆောက်​တည်​ရာမရ
ငှက်​က​လေး​တွေအစာရှာရင်း​မော့မကြည့်​ရဲကြ

ခွေးအူသံ​တွေရုတ်​တရက်​ pause ​ပေးခံရ
ညပွင့်​တိမ်​များ ​လောကကိုအပိုင်​စားကြ
ငါ့အလွမ်း​တွေဒဏ္ဍာရီဆန်​ဆန်​ ကြီးထွားခဲ့တဲ့ည

No comments:

Post a Comment