Tuesday, March 31, 2015

I wait for you....

I Wait For You...
ငါ နင့်​ကို ​စောင့်​​မျှော်​​နေတယ်
~~~~~~~~~~~~~

I wait for you. The years in silence pass
And as the image, one, I wait for you again.

ငါ နင့်​ကို ​စောင့်​​မျှော်​​နေတယ်
နှစ်​များစွာတိတ်​ဆိတ်​စွာကုန်​ဆုံး​ပေမယ့်
ငါ ​မျှော်​လင့်​ခဲ့တာ နင့်​ရဲ့ ပုံရိပ်​တစ်​ခုတည်းပါ

The distance is in flame -- and clear one as glass,
I, silent, wait -- with sadness, love and pain.

ဝေးကွာခြင်းက မီး​တောက်​မီးလျှံပါပဲ
ပြီး​တော့ မှန်​သားလို ကြည်​လင်​မြင်​​ယောင်
ငါ ငြိမ်​သက်​စွာ ​စောင့်​​နေတယ်
ဝမ်းနည်းခြင်း ချစ်​ခြင်း နာကျင်​ခြင်း​တွေနဲ့​ပေါ့

The distance is in flame, and you are coming fast,
But I'm afraid that you will change your image yet,

အဲ့ဒီ မီး​တောက်​မီးလျှံ​တွေကြားမှာ.....
နင်​ မြန်​မြန်​​ပြေးလာ​နေတယ်
ဒါ​ပေမယ့်​ ငါ ​ကြောက်​ရွံ့မိ​သေးတယ်
နင့်​ရဲ့ ပုံရိပ်ေ​လး ထပ်ပြီး​​ ပျောက်​သွားမှာကို​ပေါ့

And will initiate the challenging mistrust
By changing features, used, at long awaited end.

ပြီး​တော့ စိန်​​ခေါ်​နေတဲ့မယုံကြည်​မှုကို ပြန်​အစပြုမယ်
ကြာမြင့်​တဲ့​စောင့်​စားခြင်းအဆုံးသတ်​ဖို့
ငါ့ရဲ့ အမူအကျင့်​​တွေကို ​ပြောင်းလဲလိုက်​ပြီ

Oh, how I will fell -- so low and so pine,
Unable to overcome my dreams' continued set!

အိုး...ငါ အနက်​ရှိုင်းဆုံး အနာကျင်​ဆုံး ပြိုလဲကျသွား
ဆက်​မက်​ရမယ့်​အိပ်​မက်​​တွေ ​ရောက်​ပါ့မလားလို့ ​လေ..

The distance is such bright! And azure is so fine!
But I'm afraid that you will change your image yet.

ဝေးကွားခြင်းက ဒီလို ​ရဲရင့်​​တောက်​ပ
ကြည်​လင်​တဲ့​မိုး​ကောင်းကင်​ပြာပြာက သာယာလှပ
ဒါ​ပေမယ့်​ ငါ ​ကြောက်​ရွံ့​နေဆဲ
နင့်​ရဲ့ ပုံရိပ်​က​လေး ​နောက်​ထပ်​ ​ပြောင်းလဲသွားမှာကို​ပေါ့

Aleksandr Blok ၏ ကဗျာကို ဥာဏ်​မှီသ​လောက်​ ​ကောက်​ပါသည်​။

Monday, March 30, 2015

ပန်းများ၏ ဈာပန

ပန်းများ၏ဈာပန
~~~~~~~~~

အသုဘတိုင်းမှာ
ငါတို့ကို ​နေရာ​ပေးကြတယ်

လွမ်းသူပန်း​ခွေ လို့ သူတို့​ခေါ်
ရင်းနှီးမှုကို သရုပ်​​ဖော်​ကြတယ်

စက္ကန့်​ပိုင်းအတွင်းမှာပဲ
ငါတို့ အမှိုက်​ပုံးထဲ ​ရောက်​ရတယ်

တကယ်​ပြန်​​တွေး​တော့
ဒါ ........
ငါတို့ရဲ့ ဈာပန​ပေါ့ ကွယ်

Sunday, March 29, 2015

မူလတန်း​ကျောင်းသားတစ်​​ယောက်​၏မှတ်​စု

မူလတန်း​ကျောင်းသားတစ်​​ယောက်​၏မှတ်​စု
~~~~~~~~~~~~~~~~~~~~~~~~~

ည​နေစာချက်​မလို့ဆန်​လည်းမရှိ
မမက​ရေခပ်​ထင်း​ခွေအမှိုက်​လှည်း
ညီ​လေးကခြင်းခတ်​​ဘောကန်​ကျည်းသားရိုက်
ညီမ​လေးက​ဆော့ကစားထားတာ​ပေတူးညစ်​ပတ် 
ရွာသား​တွေရွာကိုယ်​စီနဲ့​တောကပြန်​လာ
ငါက အလိုမကျမှု​တွေကို ပစ္စုပ္ပန်​ထဲမှာ ​ဆေးဆိုး
မနက်​ဖြန်​ကိုလာဘ်​ထိုးချင်​ခဲ့တယ်

ဆရာမကပုံပြင်​တစ်​ပုဒ်​​ပြောပြတယ်
လူဆိုတာ ရိုးသား​ဖြောင့်​မတ်​ရမယ်​ တဲ့
ကျောင်းအုပ်​ကြီးက​တော့ လက်​ညှိုးထိုး​အော်​ဟစ်​ဆဲ
ပန်းက​လေးများပွင့်​​တော့မည်
ဖူးတံဝင့်​လို့ချီ ကြပြီလား

အရက်​ခွက်​ကိုတုန်​တုန်​ရီရီကိုင်​ထားတယ်
အ​ဖေကြည့်​ရတာ ​နေမှ​ကောင်းရဲ့လား
မ​နေ့ကလည်းထမင်းလုံးဝမစားဘူး
မင်းတို့ ပညာတတ်​ဖြစ်​​အောင်​ကြိုးစားကွ
သား​တွေအတွက်​ အား​တွေတတ်​ခဲ့တဲ့စကား
နွေ​ရောက်​တာ ​စောလွန်းသလား အ​ဖေ...

ရွာတကာလှည့်​ပြီး​ဈေး​ရောင်းလာတဲ့အ​မေ
မောပန်းနွမ်းနယ်​မှုကိုဖုံးကွယ်​ထားတယ်
ချွေးစ​တွေကို ဘယ်သူမှမသိေ​အာင်သုတ်တယ်
ဈေးေ​​​ရာင်းရင်းရလာတဲ့ဆန်​အချို့ကို နှုတ်​ယူ ပြီး
ညစာအတွက်​ ဖန်​တီးလိုက်​​တော့တယ်


သက္ကရာဇ်​ ၂၀၉၀ ၏မနက်​ခင်း

သက္ကရာဇ်​ ၂၀၉၀ ၏ မနက်​ခင်း
+++++++++++++++++++++

"ခ​ရေ"ဟု ​ရေရွတ်​လိုက်​​သောအခါ
ပတ်​ဝန်းကျင်​မှာ နှင်းဆီနံ့​တွေ သင်းဖြာကုန်​၏

ကျောင်းသူ ​ကျောင်းသားများက
ဆရာ ဆို​သောစကားလုံး၏ခက်​ဆစ်​ကို
အဘိဓာန်​မှာ ခက်​ခက်​ခဲခဲရှာရ၏

ကောင်းကင်​ပြာပြာကိုမမြင်​ဖူးရှာ​သောသားငယ်​က
အဖွား​ပြော​သောပုံပြင်​ထဲမှာ စိတ်​မဝင်​စား​တော့

စပါးပင်​များနွဲ့ယိမ်း​နေ​သော TV ပြကွက်​အား
က​လေးများတအံ့တသြကြည့်​​နေကြ၏

ကမ္ဘာသမ္မတကြီးက လူအားလုံးအတွက်​ မိန့်​ခွန်းကို
ဘာသာစကားတစ်​မျိုးတည်းဖြင့်​သာ ​ပြောရ၏

ကျွန်ုပ်​သည်​ ချစ်​သူ၏ နဖူးအား
ခပ်​ဖွဖွနမ်းလိုက်​မိ၏

Saturday, March 28, 2015

ပြင်​ဆင်​ခွင့်

ပြင်​ဆင်​ခွင့်
................

နင်​နဲ့ငါ
အခုမှပြန်​​တွေ့ကြရ​အောင်​ မိဝါ
ငါ့နာမည်​ never ဂလန့်​ ပါ

နင့်​မှာ ချစ်​သူရှိတယ်​ဟုတ်​လား
ဘာဖြစ်​ဖြစ်​ ငါ ဆက်​ချစ်​သွားမယ်​ ​ကောင်​မ​လေး​ရေ

နင်​ပိုင်​ဆိုင်​ထားတဲ့ဘဝအ​ခြေအ​နေ
ငါရရှိ​နေတဲ့ဘဝရဲ့ပုံရိပ်
တိတ်​တိတ်​​လေးတူညီ​နေတာက
ငါတို့ကို​ဝေးကွာ​စေရသလား

အခုလို
လမင်းကတိမ်​ဖြူဖြူ​တွေထဲ ငို​နေရင်
ငါ နင့်​ကို သိပ်​​တွေ့ချင်​တာပဲဟာ

ငါ့အ​ပေါ်ထားတဲ့နင့်​သံ​ယောဇဉ်
နင့်​ကိုမြင်​​စေချင်​တဲ့ငါ့​မေတ္တာ
ဘာလို့ မဆုံကြတာလဲ ဟင်

"တစ်​ခြားတစ်​​ယောက်​နဲ့လက်​ထပ်​လိုက်​ပါ"
နင်​ လွယ်​လွယ်​​ပြောခဲ့တဲ့စကား
ငါ လွယ်​လွယ်​လက်​ခံမယ်​ထင်​လို့လား
စပယ်​​တွေ ရဲရဲနီသွားပါ​စေ
ငါ ဆက်​ပြီးမြတ်​နိုး​နေမယ်​ မိဝါ

အချစ်​ဆိုတာ
ပိုင်​ဆိုင်​ခွင့်​ရမှ​လေးနက်​တာမဟုတ်​ဘူး
ဆုံးရှုံးလိုက်​ရတယ်​တိုတာမရှိဘူး
နီးခြင်း​ဝေးခြင်းနဲ့တခြားစီ
ကျေးဇူးပြုပြီး မရီ(ရယ်​)ပါနဲ့ဟာ

ဖြစ်​ခဲ့တာ​တွေ​မေ့လိုက်​​တော့
ပြောခဲ့တာ​တွေ​ဖျောက်​လိုက်​​တော့
နင်​နဲ့ငါ အခုမှစခင်​ကြတာလို့သ​ဘောထား
ငါ နင့်​ကို သိပ်​ချစ်​သွားပြီ မိဝါ....

Tuesday, March 24, 2015

FIRST RAIN


FIRST RAIN
++++++++++

သစ်​ပင်​​တွေ​ကအညစ်​အ​ကြေး​တွေကို​ဆေးကြောချ
ရွက်​နု​လေး​တွေအတွက်​သ​န္ဓေခ​စေတယ်

မ​နေ့ကလိမ်းကြံခဲ့တဲ့ဖုန်​မှုန်​​တွေ​မျောပါပ​ပျောက်
လမ်းမကြီးလည်းဒူး​ထောက်​ရာကထရပ်​တယ်

ရှမ်းရိုးမကြီးက​မြေပြန့်​လွင်​ပြင်​ကိုငုံ့ကြည့်
မုဒိတာစိတ်​နဲ့ပီတိ​တွေ​ဝေ​နေတယ်

ကောင်းကင်​ပြာပြာထဲမှာတိမ်​ညို​တွေကခုန်
နွေရာသီကိုမိုးမှုန်​​တွေကျဲချတယ်

စပယ်​ပင်​​လေးတစ်​ပင်​ကအိပ်​ယာကနိုးထ
သူ့အရွက်​​တွေကိုဧည့်​စာရင်းတိုင်​ဖို့သတိရတယ်

ဧရာဝတီကသဲ​သောင်​ခုံ​တွေကိုဖိတ်​​ခေါ်
AirCon ​ခေတ္တပိတ်​ထားဖို့ ​အော်​​ပြောတယ်

ပိ​တောက်​ပင်​ပျို​တွေက မာနချင်းပြိုင်​ကြဖို့
တောင်​ပြန်​​လေကိုလက်​တို့လိုက်​ကြတယ်

soeminkyaw ပန်း​လောင်​​မြေ

Monday, March 23, 2015

မ​နေတတ်​မထိုင်​တတ်​တဲ့ကဗျာ


မ​နေတတ်​မထိုင်​တတ်​တဲ့ကဗျာ
+++++++++++++++++++++

ကမ္ဘာကြီးကို ငြိမ်းချမ်း​စေချင်​လို့
ငါ ကိုယ်​ချင်းစာစိတ်​ ​မွေးလိုက်​ပြီ

လူ​တွေကို ဒုက္ခမ​ပေးချင်​လို့
ငါ ​ပလက်​စတစ်​​တွေ မသုံး​တော့ဘူး

တပည့်​​တွေကို လိပ်​ပြာသန့်​သန့်​ဆုံးမချင်​လို့
ဘာအရက်​မှ ငါ မ​သောက်​​တော့ဘူး

မေ​မေ့ကို မလိမ်​ညာချင်​​တော့လို့
ငယ်​ငယ်​တုန်းကလို ထိုင်​ပြီး ကန်​​တော့ခဲ့ပြီးပြီ

ရာသီဥတု မ​ဖောက်​ပြန်​​စေချင်​လို့
ဆေးလိပ်​လည်း မဖွာ​တော့ဘူး

ပတ်​ဝန်းကျင်​ရဲ့​ဝေဖန်​မှုကို ​ကြောက်​လို့
ပြည့်​တန်​ဆာမတစ်​​ယောက်​ကို လက်​ထပ်​လိုက်​ပြီ

soeminkyaw ပန်း​လောင်​​မြေ

Sunday, March 22, 2015

ကျေးဇူးတင်​ပါတယ်


ကျေးဇူးတင်​ပါတယ်
++++++++++++++

ငါ့ကို လူပျိုကြီးဟု ​လှောင်​ရယ်​သူများ
ကျောင်းဆရာဖြစ်​ပြီး အူ​ကြောင်​​ကြောင်​ဟု ​ပြောသူများ
ငါစာသင်​တာကိုအကြံ​ပေးသလိုနဲ့ ခနဲ့သူများ

ငါ့ရဲ့တန်​ဖိုးကို​လျှော့တွက်​သူများ
ငါ​ရေးတဲ့ကဗျာကို အမနာပ​ဝေဖန်​သူများ
ငါ့ဆီက လိုချင်​စရာရှိလို့ ဆက်​ဆံသူများ

ရှေ့တစ်​မျိုးကွယ်​ရာတစ်​မျိုး မိတ်​​ဆွေများ
အားနားပါးနာ ငါ့ကို ခိုင်းချင်​ရာခိုင်းကြသူများ
နောက်​သလိုလိုနဲ့ နှိမ်​တတ်​ကြသူများ

ငါ့ကို ချစ်​ခင်​​လေးစား​သောစာမတတ်​သူများ
ပိုက်​ဆံ​ချေး၍ပြန်​မဆပ်​​သော​ဘော်​ဒါများ
ဂုဏ်​သိက္ခာကို အယူလွဲသူများ

လူ့တန်​ဖိုးအစစ်​ကိုမခွဲခြားတတ်​သူများ
အဆင့်​အတန်း၏အဓိပ္ပါယ်​ကိုနားမလည်​သူများ
ငါ့ဝင်​​ငွေကိုခဏခဏ​မေးမြန်​သူများ

အားလုံးကို​ကျေးဇူးတင်​ပါသည်​။ ။



soeminkyaw ပန်း​လောင်

ဟိုက္ကူကဗျာ ခံစားပါ

ကမ္ဘာ​ကျော်​ ဂျပန်​ကဗျာဆရာ Kobayashi Issa ရဲ့
ဟိုက္ကူကဗျာ​လေး​တွေ မြည်းကြည့်​ရ​အောင်

(1)

Hey, sparrow!
ဟေး..စာငှက်​က​လေး​ရေ...
____________________

Hey, sparrow!
out of the way,
Horse is coming.

ဟေး..စာငှက်​က​လေး​ရေ
လမ်းဖယ်​​ပေးပါကွာ
မြင်း လာ​နေတယ်

(2)

All the time I pray to Buddha
အချိန်​တိုင်း ဘုရားမှာ ငါ ဆု​တောင်း
____________________________

All the time I pray to Buddha
I keep on
killing mosquitoes.

အချိန်​တိုင်း ဘုရားမှာ ငါ ဆု​တောင်း
ဆက်​လက်​ပြီး
ငါ ခြင်​တွေကို သတ်​​နေဆဲ

(3)

The moon tonight
ဒီညရဲ့လမင်း
............................

The moon tonight--
I even miss
her grumbling.

ဒီညသာတဲ့လမင်း
ငါ​တောင်​ လွမ်းဆွတ်​မိ​သေး
သူမရဲ့ ညည်းချင်း​လေး​တွေကို ​ပေါ့

(4)

How much
ဘယ်​​လောက်​များများ
________________

How much
are you enjoying yourself,
tiger moth?

ဘယ်​​လောက်​​တောင်​များ
သင့်​ကိုယ်​သင်​​ကျေနပ်​​ပျော်​ရွှင်​သလဲ
ပိုးဖလံ​လေး​ရေ....

(5)

In spring rain
နွေဦးမိုး​ရေထဲမှာ
______________

In spring rain
a pretty girl
yawning.

နွေဦးမိုး​ရေထဲမှာ
မိန်းမလှ​လေးတစ်​​ယောက်
ပါးစပ်​ကို အကျယ်​ကြီး ဟ​နေတယ်

(6)

I'm going out
ငါ အပြင်​ ထွက်​မလို့
.......................

I'm going out,
flies, so relax,
make love.

ငါ အပြင်​ ထွက်​မလို့
စိတ်​​သက်​သာ​ပေါ့ပါးစွာပျံသန်း
အချစ်တစ်ခု ဖန်တီး 

(7)

Windy fall
လေအ​ဝှေ့
.................

At my daughter's grave, thirty days
after her death:

        Windy fall--
        these are the scarlet flowers
        she liked to pick.

ကျွန်​​တော့်​သမီး​သေဆုံးပြီး​နောက်
သူမရဲ့အုတ်​ဂူမှာ......
       လေအ​ဝှေ့မှာ
       ကြက်​​သွေး​ရောင်​ပန်း​တွေဒီ​နေရာမှာကျဲပျံ့
        သူမ ​ပန်း​ကောက်​တာကိုနှစ်​ခြိုက်​ခဲ့တယ်​​လေ

(8)

What a strange thing
ထူးဆန်းလိုက်​တာ
_____________________

What a strange thing!
to be alive
beneath cherry blossoms.

ချယ်​ရီပန်း​တွေ​အောက်​မှာ
အသက်​ရှင်​ခွင့်​ရတာ
ဘယ်​​လောက်​ထူးဆန်းလိုက်​သလဲ​နော်

(9)

With my father
အ​ဖေနှင့်​အတူ
.......................

With my father
I would watch dawn
over green fields.

အ​ဖေနှင့်​အတူ
အရုဏ်​ဦးကို ငါ ​စောင့်​ကြိုမယ်
ကွင်းပြင်းစိမ်းစိမ်း​တွေ​ပေါ်မှာ......

(10)

That wren
နှံပြည်​စုပ်​ငှက်​က​လေး
_______________

That wren--
looking here, looking there.
You lose something?

ဟိုးမှာ...နှံပြည်​စုတ်​ငှက်​က​လေး
ဟိုကြည့်​ ဒီ​ငေး
သင်​ တစ်​စုံတစ်​ရာ ​ပျောက်​ဆုံး​နေသလား

(11)

The pheasant cries
ရစ်​ငှက်​​အော်​သံ
___________________

The pheasant cries
as if it just noticed
the mountain.

ရစ်​ငှက်​​အော်​မြည်ငို​ကြွေး 
တောင်​တန်းကြီးကိုပဲ
သတိမမူမိသလိုဘဲ လွမ်း​ဆွေး

Kobayashi Issa ၏ က​ဗျာများကို ကိုယ်​ရည်​​သွေးပါသည်

Saturday, March 21, 2015

သုံး​ကြောင်းကဗျာ ခံစားပါ

သုံးကြောင်းကဗျာလေးတွေဖတ်ကြမယ်
တွေးကြမယ် ခံစားကြမယ် ပြီးမှ ဝေဖန်အကြံပြုကြမယ်

ခရေ
........

စိုစိုခြောက်ခြောက်
လူတိုင်းကောက်
ရနံ့မပျောက်တဲ့ ကဗျာ.....

အမေ
.........

စွမ်းနိုင်ဆုံးအင်အား
မေတ္တာထား
တရားမျှတတဲ့ အလင်းရောင်..

ပင်လယ်
............

လမင်းရဲ့ ကစားကွင်း
သိုဝှက်ခြင်းပုံရိပ်
နက်နဲမှုတွေ ပြွတ်သိပ်နေတယ်...

ရဟန်း
..........

သံသရာကိုကြောက်
ကံကြမ္မာကောင်းကိုတည်ဆောက်
ဥာဏ်အလင်းဆီရောက်အောင်သွားသူ..

ခြံစည်းရိုး
..............

ပိုင်ဆိုင်မှုစွဲ
သောကကဲစေတဲ့အရာ
မယုံကြည်အပ်သော အရံအကာ...

စောရ
..........

မရှိခြင်းရဲ့စေရာ
ဗီဇကညွှန်တဲ့ ကံဇာတာ
ခေတ်ကို တော်လှန်ခြင်း ပညာ..

ငွေ
......

အမှန် အမှားကို ရောထွေးပစ်
အချစ်အမုန်းကို အတုလုပ်
လူတွေရဲ့ အရေးကြီးဆုံးအရှုပ်...

ခမ်းခမ်းနားနား လှိုင်း

ခမ်းခမ်းနားနား ​လှိုင်း
.......................

မ​ကောင်းမှုသည်​ စိတ်​ကွယ်​ရာ၌ မရှိ
ပန်း​တွေမသိတဲ့ ရာသီတစ်​ခုမှာ ငါ သူ့ကိုချစ်​ခဲ့မိ

လက်​ညှိုး​ငေါက်​​ငေါက်​ထိုးပြီး စကား​ပြောတတ်​တဲ့ လူ​တွေမှာ
ကိုယ်​ချင်းစာစိတ်​ ဆာလောင်​​နေကြသလား

လမ်း​ပေါ်မှာ​မွေး လမ်း​ဘေးအမှိုက်​ပုံမှာ ဝမ်းစာရှာသူလည်း
သမ္မတကြီး ဖြစ်​နိုင်​တာပဲ လွှတ်​​တော်​​လေထွား​ရေ...

ငါ တစ်​​ယောက်​တည်း​ရေးတဲ့ ငါ့ကဗျာ
ငါ တစ်​​ယောက်​သာ နားလည်​တာ ဘာဖြစ်​လဲ

ကမ္ဘာပျက်​တဲ့အထိ ရှိ​နေမယ့်​ အနုပညာ
ငါလည်း အရိပ်​ခိုပါရ​စေ အဝိဇ္ဇာ......

Monday, March 16, 2015

အသံတိတ်​ရန်​ပွဲ

အသံတိတ်​ရန်​ပွဲ
........................

ဘာကွ
ဆိုက်​ကားသမားရဲ့သားလို့အ​ပြောခံရတာ
မင်းက ရှက်​တယ်​ ဟုတ်​လား

ဒီမယ်​ ငါ့သား
မင်းအ​ဖေ ငါက ဒီအလုပ်​ကိုဂုဏ်​ယူတာကွ
ဒီအလုပ်​နဲ့မင်းကိုဆယ်​တန်းအထိ​ကျောင်းထားခဲ့တာ
ဒီအလုပ်​နဲ့မိသားစုပါးစပ်​စို​စေခဲ့တာ
ဒီအလုပ်​နဲ့မင်းအ​မေရဲ့ကျန်းမာ​ရေးကိုကုခဲ့တာ
ဒီအလုပ်​ကိုမ​စော်​ကားနဲ့ငါ့သား

ဒီအလုပ်​မှာကံငါးပါးကိုကျူးလွန်​တာပါလား
ဒီအလုပ်​မှာသူတစ်​ပါးကိုဒုက္ခ​ပေးတာပါလား
ဒီအလုပ်​မှာ​ငွေ​ကြေးအရနည်း​ပေမယ့်
ယူတတ်​ရင်​ကုသိုလ်​အများကြီးရတယ်​ကွ

အေး.....မင်းအ​နေနဲ့ငါ့အလုပ်​ရဲ့တန်​ဖိုးကိုသိလို့
ငါ့ကိုကန်​​တော့မယ်​ဆိုရင်​​တောင်
ငါကဆိုက်​ကား​ပေါ်ထိုင်​ပြီးမှကန်​​တော့ခံမယ်
အဲဒါမင်းမြဲမြဲမှတ်​ထား
ကျေးဇူးမသိတတ်​တဲ့​ကောင်
ရှက်​စရာမဟုတ်​တာကိုရှက်​တဲ့​ကောင်
ဂဂျိုးဂ​ဂျောင်​ င​ကြောင်
သွားစမ်းကွာငါ့​ရှေ့မှာမင်းကိုမမြင်ချင်ဘူး

Saturday, March 14, 2015

အညတရတစ်​​ယောက်​၏ရယ်​သံ

အညတရတစ်​​ယောက်​၏ရယ်​သံ
~~~~~~~~~~~~~~~~~~~

ကိုယ့်​ဂုဏ်​ကိုယ်​​ဖော်​ ​မောင်​သူ​တော်​နဲ့
စကားစမြည်​နား​ထောင်​ခဲ့ရ​သေးတယ်

စ​နေနံတစ်​​ယောက်​ကိုချစ်​မိတဲ့ငါက
လွှမ်းမိုးရဲ့သီချင်း​တွေကိုပဲအလွတ်​ကျက်​ခဲ့ရတယ်

နွေမ​ရောက်​ခင်​​ကြွေ​ပျောက်​ခဲ့တဲ့ရွက်​ဝါ​လေးလို
ငါက​လောကကြီးရဲ့ အက္ခရာအပိုတစ်​ခုလား

အခုထိအမှန်​တရားကိုစာလုံးမ​ပေါင်းတတ်​သူ​တွေ
အဘိဓာန်​ထဲမှာ ခန့်​ခန့်​ကြီး​နေရာယူ​နေလိုက်​တာ

နောင်​တ​တွေကိုအသိစိတ်​ထဲက​နေcancelလုပ်​လို့ရရင်
မနက်​ဖြန်​မှာ နင့်​ဆီ ငါ လာခဲ့မယ်​ ချစ်​သူ.......

Thursday, March 12, 2015

နေရာထိုင်​ခင်း

နေရာထိုင်​ခင်း
.....................

ကမ္ဘာ​မြေ​ပေါ်​ခြေစုံချရပ်​လိုက်​တာနဲ့
အဲဒီ​ခြေ​ထောက်​​တွေအမြစ်​​ပေါက်​ပြီး
ရှင်​သန်​ကြီးထွားလာတယ်
သဘာဝကသဘာဝကျကျလှ​နေလိုက်​တာ
သီချင်းနဲ့အတူလိုက်​ဆိုကခဲ့တယ်​။

ငှက်​က​လေး​တွေလန့်​ပျံသွားသလိုမျိုး
ရေးကြီးသုတ်​ပျာ ပြန်​သွားတဲ့စိတ်​ကူး​တွေ
လက်​မှတ်​ထိုးဖို့​မေ့​နေခဲ့တာ
နားလည်​မှုစာချွန်​လွှာနှလုံးသားမှာ
မိုးမရွာတာကြာပြီ။

အ​နောက်​ဘက်​ထိပ်​ဖျားကထိုးထွက်​​နေတဲ့သစ်​ကိုင်းကျိုးကျ
သစ်​ရွက်​​ခြောက်​ဝါကျင်​ကျင်​​တွေက
သစ်​ရွက်​စိမ်း​တွေကြားတစ်​မျိုးလှပ
ငါတို့​ခေါင်း​ပေါ်​တောက်​​လျှောက်​​ကြွေမကျခင်​​လေး
သဘာဝမိခင်​ရဲ့မရဏ​တေးကို
ငါတို့အ​တွေနဲ့ချိတ်​ဆက်​ကြည့်​မိရာက
မီးခိုး​ငွေ့​တွေအူထွက်​လာတယ်​။

တောမီး​လောင်​​တော့
တော​ကြောင်​​တွေလက်​ခ​မောင်းခတ်​တယ်​ဆိုတာ
စကားပုံမဟုတ်​ဘူး
တောမီးလည်းမ​လောင်​​စေချင်​ဘူး
တော​ကြောင်​​တွေလည်းမျိုးမတုံး​စေချင်​ဘူး။

စမ်း​ရေတစ်​​ပေါက်​နဲ့
ကမ္ဘာကြီးကို​တောက်​လိုက်​မယ်
လန်းဆန်း​အေးမြသွား​စေသား။

Monday, March 9, 2015

ထန်း

ထန်း
.......

တစ်​​ဆွေလုံးတစ်​မျိုးလုံး
အသားမည်း အရပ်​ရှည်​ကြတယ်

ပါးပါးလှီးခံရ​ပေမယ့်
သူတို့ရဲ့ နို့ရည်​​တွေက
ခါးရှရှချိုမြမြ
ပုရိသ​တွေ ပိုကြိုက်​ကြတယ်

နွေ​ရောက်​ရင်​...
အားလုံးက သူတို့ကိုသတိရ
အကိုင်း
အရွက်
အသီး
ပင်​စည်
ပေးဆပ်​ခြင်းမှာ တူညီကြတယ်

တွံ​တေးသီချင်းနဲ့အရွယ်​​ရောက်
အညာအလှကို ​စောင့်​​ရှောက်​ကြတယ်

အဖိုးမတန်​​ပေမယ့်
တန်​ဖိုးရှိတာ​သေချာတယ်

Sunday, March 8, 2015

ပုံရိပ်​ခန္ဓာ

ပုံရိပ်​ခန္ဓာ
.............

ထန်း​ရေတစ်​မြူက
အလွမ်း​တွေကို ကူပါ့မလား
တမ်းမ​ပြေသူ ရင်​နာ ​ကြေကွဲ
အနမ်း​တွေချူ ကြင်​နာ ​နေဆဲ

မျှော်​လင့်​ဖူးတဲ့အတိတ်​ထဲမှာ
စိတ်​စွဲစရာ​တွေမှုန်​ဝါးခဲ့သလား
ထုံထားတဲ့သစ္စာစကားပြယ်​လွင့်
ငါ့ရဲ့ ​မေတ္တာအား​တွေဖယ်​သင့်​ပြီ

တမာပင်​ကြီး​အောက်​မှာ
တစ်​ခါဝင်​ပြီး​လျှောက်​လာမိ​တော့
နောက်​တစ်​ခါသိတဲ့ သတိရခြင်း​တွေ​ပေါက်​ကွဲ
ငါ တစ်​​ယောက်​တည်း ငိုပါရ​စေ

သွေခွာခဲ့တုန်းက
ဝေဒနာမတွယ်​အပြုံးဖွခဲ့​ပေမယ့်
အ​နေကြာတယ်​ရုန်းမရသံ​ယောဇဉ်
တစ်​ရံ​ရောတွင်​ပုံရိပ်​ခန္ဓာများမြင်​​ယောင်
ခင်​.....​မောင်​.....​ခေါ် ထူး သံ​တွေကြားမိ
အချစ်​ရယ်​....
လွမ်းနိုင်​ရည်​အားမရှိ​တော့ပါဘူး....ကွယ်

Saturday, March 7, 2015

Reasonable Belief

Reasonable Belief
.................................

သိပ္ပံပညာကိုမယုံဘူး
အဆုံးမရှိလို့

မြန်​မာအစိုးရကိုမယုံဘူး
သတင်းအမှား​တွေ​ပေးလို့

ဘုရားသခင်​ကိုမယုံဘူး
အဝိဇ္ဇာကိုဖန်​ဆင်းခဲ့လို့

ငွေစက္ကူကိုမယုံဘူး
အမှန်​တရားကိုဖုံးကွယ်​လို့

အချစ်​နဲ့​သေခြင်းတရားကိုယုံတယ်
တစ်​သက်​မှာတစ်​ခါပဲကြုံရလို့

Thursday, March 5, 2015

ထီလက်​မှတ်

ထီလက်​မှတ်​တစ်​​စောင်​ထံမှလွင့်​ပျံလာ​သောအိပ်​မက်
..............................................................................

ဒိထက်​ model မြင့်​တဲ့ကားက ဘယ်​​လောက်​လဲ
နင်​​ပြော​တော့ငါ့လို​ကောင်​ကိုစိတ်​မဝင်​စားဘူးဆို
ကျုပ်​က​တော့အပြတ်​ပဲလှူချင်​တယ်​အ​မေရာ
ဟားဟားဟားသွားစမ်းပါခင်​ဗျားရဲ့ရာထူး​တွေ
Jack Daniels ပဲ​သောက်​​တော့မယ်​​ဟေ့
ကျုပ်​အကူအညီ​တောင်းခဲ့တုန်းကခင်​ဗျာ​ပေးဖူးလား
မြေကွက်​​တွေများများဝယ်​ထားမလို့ပဲ
အီတလီ​ခေါက်​ဆွဲ​တော့ကြိုက်​ပါတယ်​ဗျာ
ငပလီက hotel ​တွေက ​ဈေးကြီတယ်​​မောင်​​ရေ
လက်​ရှိအလုပ်​ကိုစိတ်​ကုန်​​နေပြီကွာ
စင်္ကာပူကို အလည်​သွားမလားလို့​လေ
ငါဘာ​ကောင်​လဲဆိုတာသူ့ကို​ပြောပြလိုက်

Wednesday, March 4, 2015

ဝေါဟာရကဗျာ (၅)

ကျက်မှတ်ေ​​လ့လာ ​ဝေါဟာရကဗျာ (၅)
...............................................

chilly, chill ငရုတ်​သီးမှတ်​ထားမည်
onion က ကြက်​သွန်​နီ

ကြက်​သွန်​ဖြူသည်​ garlic ​ပေါ့
cucumber သခွား​ ​နော့

ဘူးသီးကို​တော့ gourd လို့သိ
ground nut ​မြေပဲ ရှိ

ပဲပိစပ်​က soya bean
lady's finger ရုံပတီသီး

ကြက်​ဟင်းခါးသီး bitter gourd
ပဲလင်း​မြွေက snake gourd

wild snake gourd ကင်းပုံသီး
egg plant (brinjal) ခရမ်းသီး

ကျောက်​ဖရုံသီးက white pumkin
ရွှေဖရုံသီးက yellow pumkin

ခရမ်းချဉ်​သီးက tomato
ကန်​စွန်းဥ sweet potato

chinese potato စိမ်းစားဥ
မျှစ်​ က bamboo-shoot

arrow-root အာဒါလွတ်​ကွယ်
spinash ဟင်းနုနွယ်

gooseberry ဆီးဖြူသီး
djenkol bean တညင်းသီး

ဒန့်​ဒလွန်​သီး drum stick ပါ
carrot ဆိုတာ မုန်​လာဥဝါ

sea weed ဟာ​ ​ကျောက်​ပွင့်​ မှတ်
စပါးလင်​က lemon grass

Indian saffron နနွင်း မှန်
နှမ်း က sesamum

green gram ပဲတီစိမ်း
basil က ပင်​စိမ်း

ဂျင်းစိမ်းဆိုတာ ginger salad
Chinese kale က ကိုက်​လန်​ရွက်

ဆူးပုပ်​ရွက်​ သည်​ conima leaves
ridge gourd ခဝဲသီး ရှိ

Indian leek ဂျူးမြစ်​ ပါ
cauliflower ပန်းမုံလာ

pepper ငရုတ်​​ကောင်း သိပါ​စေ
water green ကန်​စွန်းရွက်​ ​တွေ

roselle ကို​ခေါ် ချဉ်​​ပေါင်​ရွက်
garden lettuce ဆလပ်​ရွက်

Chinese cabbage မုန်​ညင်းဖြူ
mushroom ကို မှို လို့ယူ

ginger ကိုမူ ဂျင်းလို့မှတ်
မုန်​ညင်း က mustard

သေချာမှတ်​ပါ ​ကျောင်းသူ ​ကျောင်းသား
ဟင်းသီးဟင်းရွက်​ အများအပြား


Tuesday, March 3, 2015

အချိန်​ဝယ်​သူ

အချိန်​ဝယ်​သူ
................

ဘာလိုလိုနဲ့
ဆောင်းရာသီ​တောင်​​သေတမ်းစာ​ရေးပြီပဲ
ငါ့ကို​နွေရာသီထဲဆွဲ​ခေါ်တဲ့ မြူမှုန်​တို့​ရေ....
ငုဝါ​တွေကို အရင်​သင်​ကြားပါအုံး....

အချစ်​စစ်​ကိုရှာ​ဖွေရင်းလမ်း​ပျောက်​ခဲ့သူ
ညငှက်​က​လေးကို ကူညီမလို့လား
ကိန်းဂဏန်း​တွေသာ လူရာဝင်​တဲ့​လောကထဲ
ငါ့ကို သံ​ဝေဂ တစ်​ပဲ​ပေးပါ

အမှာင်​ကို အ​မှောင်​​ကျွေးမိမှ​တော့
ကျွမ်း​လောင်​သွားတဲ့အလင်း​ရောင်​အတွက်
မျက်​ရည်​မထွက်​နဲ့ ကိုသစ္စာ
ဘဝဆိုတာကိုယ်​လိုရာဆွဲယူကပြရတာပါပဲ

ဘာပဲဖြစ်​ဖြစ်
ငါ့ရဲ့ အချစ်​​တွေကို
ဦးပုညရဲ့​တေးထပ်​ချိုချိုနဲ့
အပြီးအပိုင်​​မြေမြုပ်​ခဲ့ပြီ ချစ်​သူ.......


နောက်​ခံတီးလုံး

နောက်​ခံတီးလုံး
................

သူ့ကိုချစ်​တဲ့စိတ်​နဲ့
လောကဓံကို လက်​ခ​မောင်းခတ်​ခဲ့ပြခဲ့တယ်

နှလုံး​ရောဂါရှိတဲ့အ​မေနဲ့
နေရင်းထိုင်​ရင်းမာန်​တတ်​​နေတဲ့ချစ်​သူကြားမှာ
ငါ......
ချဉ်​​ပေါင်းပဲစား​နေလိုက်​တယ်

မောင်​​ရေ...
စ​နေ​နေ့​တွေကိုဒရွတ်​တိုက်​ဆွဲ
ကျွန်​မကို ဧဒင်​ဥယျာဉ်​ထဲ​ခေါ်သွားပါ​နော်​..


အိပ်​မက်​သံစဉ်

အိပ်​မက်​သံစဉ်
..................

ကျည်​ဆံ ပျံဝဲ၊ ရပ်​စဲခဲ့ပြီ
စစ်​ပွဲ ရန်​စ၊ နားခဲ့ကြပြီ
လှပ​နေခြည်​၊ ​လေပြည်​​နော့​နော့
ကောင်းကင်​ ​မော့​သော်​၊ ရင်​​ကော့ချိုးငှက်​ပြန်​ခဲ့ပြီ.......

ငြိမ်းချမ်း​ရေးပန်း၊ လူတိုင်းနမ်းခွင့်
လန်းဆန်း​ပျော်​ရွှင်​၊ ပညာသင်​ခွင့်
ချစ်​ကြင်​ကြည်​နူး၊ ​မေတ္တာဖူးခွင့်
ထူးထူးခြားခြား ရခဲ့ပြီ...........

ပန်းရိုင်း​ထွေ​​ထွေ၊ ပွင့်​​ဝေ ​စေ၍
နွေ ​နွေ မိုး မိုး၊ အလှတိုး​စေ
မြတ်​နိုးစမ်းပါ၊ ကိုယ်​​မြေယာနှင့်
နေလာအတူ၊ မြန်​မာလူကို
ကြည်​ဖြူအစဉ်​၊ ​မေတ္တာယှဉ်​​က
အစဉ်​ငြိမ်းချမ်း​နေလိမ့်​မည်​......