ကဗျာမရှိတဲ့ကမ္ဘာ
~~~~~~~~~~
ကဗျာမရေးဖို့
ငါတွေးကြည့်တဲ့အခါ
မိုးရာသီဟာ တိမ်တွေထဲမှာမြုံ
လေညင်းတသုန်သုန်ဟာ
ချက်ချင်း ရပ်တန့်သွားတယ် .....။
ကဗျာအကြောင်းမတွေးဖို့
ငါ့စိတ်ကိုသမထလုပ်ကြည့်တဲ့အခါ
လူတိုင်းရဲ့ဒေါသတွေဟာ
ဓားလှံတွေကိုကျစ်အောင်ကိုင်စေပြီး
မေတ္တာတရားကို အနီးကပ် တိုက်ခိုက်တယ်....။
ကဗျာမရေးဖို့
ငါ့ကိုယ်ငါအမိန့်ပေးကြည့်တဲ့အခါ
ပန်းတွေဟာရနံ့တွေ အ,ကုန်ကြတယ်
နေရောင်ခြည်လည်း
စကြာဝဠာထဲမှာ အပူမိ
ကမ္ဘာထိရောက်မလာနိုင်တော့ဘူး.....။
ကဗျာကိုမချစ်ဖို့
ငါ့ကိုယ်ငါ စီစစ်ကြည့်တဲ့အခါ
ချစ်သူ့မျက်နှာဟာ သွက်သွက်ခါသွားတယ်
စာနာတဲ့အပြုံးတစ်ခုဟာ
အမှောင်ထဲမှာထာဝရပျောက်ကွယ်သွားတော့တယ်..။
Thursday, July 9, 2015
ကဗျာမရှိတဲ့ကမ္ဘာ
Tuesday, July 7, 2015
ဘယ်လိုလူကြီးလဲ
ဘယ်လိုလူကြီးလဲ.....ဘယ်လိုလူကြီးလဲ
~~~~~~~~~~~~~~~~~~~~~~~
စဥ့်ကိုင်မြို့ကို
အနှုတ်လက္ခဏာနဲ့ရောက်လာ
သူ့ကိုယ်သူအကြွေးပင်လယ်ပြာထဲပစ်ချ
ဘယ့်တော့မှစိတ်ဓာတ်မကျတဲ့လူကြီး...
လိပ်ပြာလေးအတောင်ကျိုးတာကစပြီး
သတ္တ၀ါတွေကိုနေရင်းထိုင်ရင်းသနား
ဖြစ်နိုင်ရင်......
တစ်လောကလုံးကိုထမ်းထားချင်တဲ့လူကြီး
ဇနီးမယားကိုချစ်တဲ့နေရာမှာစံပြ
မိတ်ဆွေတွေအပေါ်အနစ်နာခံတာပထမ
တပည့်တွေအရေးဦးစားပေးတာထိပ်ဆုံးက
ဂရုဏာရသကိုအပိုင်ရချင်တဲ့ လူကြီး
ဘာနဲ့ရောရောလက်ခံတဲ့ရေလို
ကျူခုံကိုလာခဲ့ရမလား
ကွမ်းစားဖို့အဖော်ညှိချင်တာလား
ဘီယာပုလင်းကိုပါးစပ်နဲ့ဖောက်ပြရမလား
ထီးဆိုင်နဲ့မာရဇ္ဇကိုဟစ်ပြရမလား
အမြဲတမ်းအားလပ်နေတဲ့လူကြီး
အသားမဲတာကို ဂုဏ်ယူ
အနက်ရောင် မ၀တ်ရမှာကို စိတ်ပူ
အမြဲတမ်း facebook သုံးဖို့တာစူ
Beer ဗိုက်ကတဖြည်းဖြည်း ပိုပူ
ရွာဘေးကမြောင်းရေချိုးတာပျော်ရွှင်သူ
ဘာပဲစားရစားရစံချိန်ထူ
လွတ်လပ်မှုကို အရေးတယူ
မျက်ရည်တွေကိုရွှေချပြီး
ထာဝရသိမ်းဆည်းထားချင်သူ.........။
မောင်ဘုန်း.....သို့....
အတောင်ညောင်းနေသောစကားပုံများ
အတောင်ညောင်းနေသောစကားပုံများ
~~~~~~~~~~~~~~~~~~~~~~
မင်းကိုရှင်းပြရတာ
နွားကိုရေခဲမုန့်ကျွေးရသလိုပဲကွာ
ဆရာမပြရင်
ငပိကင်တာတောင်နည်းမကျဘူးဟေ့
ဝေလငါးကိုရေခင်းပြသလို
ငါ့ကိုလျှာထုတ်မပြပါနဲ့
မျက်နှာသာပေးရင်
ရွှေအေးကဇွန်းတောင်အလစ်မပေးဘူး
ကုသိုလ်တစ်မူးငရဲဆယ်ဒေါ်လာနဲ့ကောင်က
ဖင်မနိုင်ဘဲတညင်းသီးစားချင်သေးတယ်
ဘာပဲဖြစ်ဖြစ်
မင်းက ခွေးမြီးကောက် ပိုက်လုံးထဲစွပ်သလိုပါပဲ
စောင်ခြုံထဲက လေးဂွပြတာမဟုတ်ဘူး
သတ္တိရှိရင် ကြွက်မနိုင် ကျီရေနဲ့ဖြန်းကြည့်ပါလား
Sunday, July 5, 2015
စက်ဝိုင်းတစ်ကောင်၏မှတ်စု
စက်ဝိုင်းတစ်ကောင်၏မှတ်စု
~~~~~~~~~~~~~~~~
ယောက်ျားထု ၇၀ ရာနှုန်းက
ငါ့ကို
အရူးအမူးစွဲလမ်းကြတယ်
ငါရှိတဲ့ဘယ်နေရာမဆို
ငါလှုပ်ရှားမယ့်ဘယ်အချိန်မဆို
သူတို့
စောင့်ကြိုငံ့လင့်ကြတယ်.......။
သူတို့အချင်းချင်း
ငါ့ကိုလုယက်ကြရင်း
ရင်းနှီးခြင်းတွေဖော်ဆောင်ကြတယ်
ပြိုင်ဆိုင်မှုတွေထုဆစ်ကြတယ်
ငါ့ကိုခုတုံးလုပ်ပြီး
အလောင်းအစားတွေအကြီးကြီးဖန်တီးကြတယ်
ငါနဲ့ပတ်သက်လာရင်
မိန်းမလည်းစကားလည်းနားမထောင်ဘူး
အမေ့စကားလည်းမကြားယောင်ပြု
ဒါကြောင့်ငါက
နေရင်းထိုင်ရင်း သွေးခွဲသူ ဖြစ်ရတယ်.......။
ငါနိုင်ငံခြားသွားရင်
သူတို့အားလုံး ငါ့ကို ပိုချစ်ကြတယ်
ငါ့ခြေလှမ်းတွေကို အမြဲစောင့်ကြည့်ကြတယ်
ငါ့လှုပ်ရှားမှုတွေကိုအကဲခတ်ကြတယ်
ဒါကြောင့်ငါက
ဘာမဆိုင်ညာမဆိုင် မျိုးချစ်စိတ်လှုံ့ဆော်သူ ဖြစ်ရတယ်
ရံဖန်ရံခါ
ကလေးတွေကငါ့ကိုမိုးရွာထဲဆွဲခေါ်ကြတယ်
ငါ့မှာ
ရွှံ့ ဗွက်တွေတပေပေမိုးရေတွေတရွှဲရွှဲနဲ့
အလူးအလဲခံရတယ်
ဒါပေမယ့် ငါ ပျော်ပါတယ်
ကလေးတွေကအပြစ်ကင်းတယ်လေ......။
လူကြီးတွေက
ငါ့ကို အသုံးချကြတယ်
သူတို့အောင်မြင်ထင်ပေါ်ဖို့
သူတို့ငွေကြေးအမြတ်အစွန်းရဖို့
သူတို့နာမည်ကြီးလူသိများဖို့
ငါက
တရားခံဖြစ်ရတယ်
ဓားစာခံဖြစ်ရတယ်
တစ်ခါတစ်ရံ
ချစ်ကြည်ရေး ဆိုတဲ့ ခေါင်းစဉ်ကြီးနဲ့
ငါ့ကို အမုန်းတံဆိပ်တွေကပ်ကြတယ်
အာဃာတလက်မှတ်တွေဖြန့်ကြတယ်
တစ်ယောက်နဲ့တစ်ယောက်ပွေ့ဖက်ကြရင်း
စိတ်အတွင်းက အံကြိတ်ကြတယ်
တွေးရင်းနဲ့ ဒီလောဘသားတွေအတွက်
ငါ......
ရင်မောလိုက်တာ.......။
ကျေးလက်တောရွာတွေရောက်ရင်တော့
ငါ စိတ်သက်သာရပါတယ်
သူတို့ငါ့ကိုချစ်တာက ရိုးသားတယ်
မာနမပါဘူး လောဘမပါဘူး
အတ္တမပါဘူး ဟန်ဆောင်မှုမပါဘူး
ငါ့ကို အပြိုင်အဆိုင် သူတို့ ပွေ့ဖက်ကြတာက
ရယ်မောစရာ သနားစရာ
ပြီးတော့ မြတ်နိုးစရာ......။
အားလုံးကငါ့ကိုအမျိုးမျိုးသတ်မှတ်ကြတယ်
ငါကကံကြမ္မာနဲ့တူတယ်တဲ့
ဘာမှကြိုတွေးထားလို့မရလို့လေ
ငါကကမ္ဘာကြီးနဲ့တူတယ်တဲ့
မျက်နှာဝိုင်းဝိုင်းချောချောမွတ်မွတ်မို့လေ
ငါကိုအလောင်းကစားသမားတွေက
တစ်လုံး လို့ခေါ်ကြတယ်
ဇာတာထဲကငါ့နာမည်က football တဲ့လေ
မြန်မာလူမျိုးအချို့ငါ့ကိုခေါ်တာ
နားရှက်စရာကောင်းပါတယ်
ဖွတ်...ဘော.....တဲ့
အီး.....ငို ချင် တာ.......။
တစ်သက်မှာတစ်ခါ
တစ်သက်မှာတစ်ခါ
~~~~~~~~~~~
တစ်သက်မှာတစ်ခါ
အသက်နှစ်ဆယ်ပြည့်ခဲ့ပါပြီ
အချိန်ဟူသည်
အရာရာကိုဖန်ဆင်းသော
အဆုံးမဲ့သဘာဝတရားဖြစ်၏
တစ်သက်မှာတစ်ခါ
အချစ်စစ်တစ်ခုကိုပိုင်ဆိုင်ခဲ့ဖူးပြီ
အချစ်စစ်ဟူသည်
လူတွေဖွင့်ဆိုချက်မှားနေသော
အချိန်၏သားတော်တစ်ပါးဖြစ်၏
တစ်သက်မှာတစ်ခါ
အီတလီခေါက်ဆွဲစားဖူးခဲ့ပြီ
အစားအသောက်ဟူသည်
ဘယ်တော့မှနှစ်ကြိမ်စား၍မရသော
ရသတဏှာ၏ ကျေးကျွန်ဖြစ်၏
တစ်သက်မှာတစ်ခါ
ခြေသည်းလက်သည်းများညှပ်လိုက်ပြီ
ခန္ဓာကိုယ်၏ဘေးထွက်ပစ္စည်းများသည်
နောက်တစ်ကြိမ်ပြန်သုံးခွင့်မရသော
ဒုက္ခသစ္စာ၏ မှတ်စုများဖြစ်၏
မှန်ပါ၏
အရာရာသည်
တစ်သက်မှာတစ်ခါသာဖြစ်ခဲ့ကြပါ၏
Beer
Beer
ဘီယာ
~~~~~
Here,
With my beer
I sit,
While golden moments flit:
Alas!
They pass
Unheeded by:
And, as they fly,
I,
Being dry,
Sit, idly sipping here
My beer.
ဒီမှာ
ငါ့ဘီယာနဲ့အတူ
ငါ ထိုင်တယ်
ရွှေစက္ကန့်တွေတဖျပ်ဖျပ်သေဆုံး
အားးးးးးးးး
သူတို့ကုန်လွန်သွားတာ
သတိမထားမိပါလား
ငါလည်း
စက္ကန့်လေးတွေလို
အာခေါင်ခြောက်တယ်
ထိုင်တယ်
အကြောင်းမဲ့သက်သက်တစ်ငုံသောက်တယ်
ငါ့ဘီယာကိုပေါ့........။
O, finer far
Than fame, or riches, are
The graceful smoke-wreaths of this free cigar!
Why
Should I
Weep, wail, or sigh?
What if luck has passed me by?
What if my hopes are dead,—
My pleasures fled?
Have I not still
My fill
Of right good cheer,—
Cigars and beer?
အို....ထင်ပေါ်ခြင်းတွေ
ငွေကြေးကြွယ်ဝခြင်းတွေနဲ့
ဝေးသထက်ဝေးတာက
ပိုကောင်းလှပါလား
ဟော့ဒီ ဆေးပြင်းလိပ်ကထွက်တဲ့
သရဖူမီးခိုးငွေ့တွေက တင့်တယ်နေတာ
ငါ
ဘာ့ကြောင့်
ငိုကြွေးသင့်သလဲ
ညည်းတွားသင့်သလဲ
သက်ပြင်းချသင့်သလဲ
ကံကောင်းခြင်းဟာငါ့ထံကထွက်ခွာခဲ့ရင်
ငါ့မျှော်လင့်ချက်တွေသေဆုံးခဲ့ရင်
ဘာဖြစ်မှာမို့လို့လဲ
အဲဒါနဲ့ပဲငါ့ရဲ့ပျော်ရွှင်ခြင်းတွေထွက်ပြေးပြီလား
မှန်ကန်တဲ့ကောင်းမွန်တဲ့ ၀မ်းမြောက်မှုကို
ငါ
ဖြည့်ဆည်းခွင့်မရှိတော့ဘူးလား
ဆေးပြင်းလိပ်တစ်လိပ်နဲ့လေ
ဘီယာတစ်ငုံနဲ့လေ........။
Go, whining youth,
Forsooth!
Go, weep and wail,
Sigh and grow pale,
Weave melancholy rhymes
On the old times,
Whose joys like shadowy ghosts appear,—
But leave me to my beer!
သွားတော့ကွာ
အော်ငိုပစ်ချင်စရာငယ်ဘ၀ရေ
တကယ့်ကိုပဲ
သွားစမ်းပါ
ငိုလိုက်စမ်းပါ
ညည်းညူလိုက်စမ်းပါ
သက်ပြင်းပူလိုက်စမ်းပါ
ဖျော့တော့အားငယ်လိုက်စမ်းပါ
စိတ်ကျကာရန်တွေကိုယက်လုပ်ရင်း
ဟိုတုန်းက ပျော်ရွှင်စရာဆိုတာလည်း
အရိပ်တစ္ဆေပေါ်လာသလိုပဲတဒင်္ဂ
ဒါပေမယ့်
ငါ့ကို ဘီယာနဲ့အတူ ထားခဲ့ပါ ........။
Gold is dross,—
Love is loss,—
So, if I gulp my sorrows down,
Or see them drown
In foamy draughts of old nut-brown,
Then do I wear the crown,
Without the cross!
ရွှေလည်း ဗြုန်းဖြစ်ပြီ
အချစ်လည်း ဆုံးနစ်ပြီ
ဒါကြောင့်
ငါက ၀မ်းနည်းမှုတွေကိုအငမ်းမရသောက်နေတာပါ
အညိုရင့်ရောင်စည်ကြီးထဲက
အမြှုပ်တစီစီထဲမှာ
အဲဒီ ကြေကွဲစရာတွေမြုပ်နေတာ မြင်လား
ဒါကြောင့်မို့
ဘုရားသခင်ကို မေ့လျော့ပြီး
ငါက သရဖူဆောင်းထားရမလား ဟင်.......။
Arnold, George ကဗျာကို စွေကြည့်သည်။
Invitation to love
Invitation to Love
ချစ်သူကို ဖိတ်ခေါ်ခြင်း
~~~~~~~~~~~~~~
Come when the nights are bright with stars
Or come when the moon is mellow;
Come when the sun his golden bars
Drops on the hay-field yellow.
ကြယ်တွေတောက်ပ အလှဆုံးညမှာ
ညင်သာဝင်းပ လ,သာသောခါ
ဝါ၀ါဖျဖျ ရိုးပြတ်မွပေါ်
နေရောင်ပျော်မွေ့ အလှတွေ့ချိန်
စွေ့စွေ့ရင်ခုန် အပြုံး ထုံကာ
ယုံယုံကြည်ကြည် မောင့်ဆီလာပါ ချစ်သက်လျာ....။
Come in the twilight soft and gray,
Come in the night or come in the day,
Come, O love, whenever you may,
And you are welcome, welcome.
မှိုင်းပျသာယာ ဆည်းဆာညနေ
ညညနေ့နေ့ ကွဲပြားပလေ့စေ
အို....အချစ်ရေ....
လာလေလာပါ ဘယ်ချိန်ခါမဆို
မင်းကိုကြိုဆို မောင် ရင်ဖိုမိ........။
You are sweet, O Love, dear Love,
You are soft as the nesting dove.
Come to my heart and bring it to rest
As the bird flies home to its welcome nest.
ချစ်ရဆုံးသူ
ချစ်သည်းအူရေ မောင်လေတွေးထင်
မင်းကိုမြင်မိ ချိုမြိန်ဘိခြင်း
အသိုက်တွင်းက ချိုးငှက်လှပမာ
နုညံ့ပါ၏ ရောက်လာလှည့်ပါ
မောင့်သည်းလွှာကြား ခိုဝင်နားဖို့
ဖိတ်ကြားလိုက်မိ မျှော်လင့်မိ......။
Come when my heart is full of grief
Or when my heart is merry;
Come with the falling of the leaf
Or with the reddening cherry.
မောင့်နှလုံးသား သောကများချိန်
ပျော်ပါးကြည်နူး ရင်ထဲမြူးချိန်
ဘယ်အချိန်ဖြစ်ဖြစ် အချစ်လာနော်
အမြဲမျှော်လင့် ချယ်ရီပွင့်တွေ
ရင့်ရင့်ရဲရဲ အလှကဲစဉ်
ကြွေဆဲသစ်ရွက် နွေဦးရက်များ
ကျော်ဖြတ်သွားစဉ် မောင်မြင်ချင်မိ တမ်းတမိ.....။
Come when the year’s first blossom blows,
Come when the summer gleams and glows,
Come with the winter’s drifting snows,
And you are welcome, welcome.
နှစ်ဦးအစ ပန်းရိုင်းလှတွေ
ကြွရွပွင့်လန်း ရောင်စုံလွှမ်းချိန်
ဖျန်းဖျန်းတောက်တောက် နွေမီးပြောက်တို့
ဖောက်ဖောက်အော်မြည် အလွမ်းသီချိန်
နှင်းရည်နှင်းဖတ် တစက်စက်ကြွေ
ဆောင်းလေသုတ်ဖြူး ချမ်းအေးလူးချိန်
ကြည်နူးရွှင်ပျ ကြိုဆိုပါရစေ
မောင့်.......အချစ်ရေ........။
Dunbar, Paul Laurence ၏ ကဗျာကို မြန်မာတိုက်ပုံဝတ်ပေးသည်။