Friday, February 27, 2015
မျက်​လုံး​အောက်​ကအ​တွေးစ
မျက်​လုံး​အောက်​ကအ​တွေးစ
............................................
လက်​​မောင်းသား​ပေါ်၊ ​သွေးစုပ်​​ပျော်​ဖို့
ကိုယ်​​တော်​​ချော​လေး၊ ခြင်​​သေး​သေးသည်
နှေး​ကွေးရွရွ၊   လမ်း​လျှောက်​ပြ၏
အို..ငါ့မှာ​တော့ ယားကျိကျိ..........။
ကြည့်​ရင်းခဏ၊ ငါ့​ဒေါသ​တွေ
ထကြွချက်​ချင်း၊ ခြင်​မယ်​မင်းကို
ဖျင်းခနဲရိုက်​၊ ​သွေးစဖြိုက်​၏........။
ရိုက်​ပြီး​သောခါ၊ ခြင်​ မသာ ကို
မြင်​ကာကြည့်​မိ၊ သတိရှိကာ
စဉ်းစားရာမှ၊  ရင်​မှာ​မောလျ
နောင်​တရမိ.......။
ဪ.....
ခြင်​မ အလုပ်​၊ ​သွေးစုပ်​ခြင်းမှာ
မေတ္တာသ​ဘော၊ ဧကန်​​ပြော၏
အောင်​​သောသ​န္ဓေ၊ မျိုးဥ​တွေကို
ရှင်​​စေဖွံ့​စေ၊  သန်​မာ​စေဖို့
လို​နေသည့်​​သွေး၊  ရှာ​ဖွေ​ရွေးရ
ရင်​​သွေးချစ်​သူ မိဘတကား......။
Tuesday, February 24, 2015
ဆု​တောင်းခွင့်
ဆု​တောင်းခွင့်
......................
မက်​မုံပွင့်​တို့
ရွက်​ကုန်​လွှင့်​၍လှပခြင်းကို
ထပ်​ကြုံခွင့်​ရအုံးမည်​။
တိမ်​မျှင်​တို့ဖြင့်​အတိပြီး​သော
နွေဦး​ကောင်းကင်​ကို
လွတ်​လပ်​စွာချစ်​ခွင့်​ရပါ​စေ။
မသိနားမလည်​​သောသူတို့အတွက်
မသိနားမလည်​စရာအချစ်​တစ်​ခု
အစစ်​အတုခွဲခြားပြခဲ့ဖူးပြီ။
ခက်​ထန်​မာကျစ်​​သောငါ၏မာန​ကြောင့်
ထက်​သန်​စွာချစ်​​သောသူ၏သမုဒယများ
မနက်​ဖြန်​မှာ လွင့်​ပါးသွား​တော့မည်​။
ခေတ်​မမှီ​သော ​ခေတ်​က
ခေတ်​မှီ​သော ​ခေတ်​ကို
တခစ်​ခစ်​ ရီ(ရယ်​)ပြ​နေသည်​။
ပတ်​​ဗေဒိုး​ပေနဲ့ ဂျိ
တစ်​ထပ်​တည်းရှိဖို့ကြိုးစားရင်း
ရိုးသားခြင်း​တွေစ​တေးခဲ့ရတယ်​ ​မေ​မေ...
Fall,leaves,fall
'Fall, leaves, fall'
ကြွေ, သစ်​ရွက်​​တွေ,​ ကြွေ
...................................
Fall, leaves, fall; die, flowers, away;
Lengthen night and shorten day;
Every leaf speaks bliss to me
Fluttering from the autumn tree.
ကြွေသစ်​ရွက်​​တွေ ၊ ပန်းပွင့်​​သေသလို
နေ့တာတို​တောင်း ၊ ညခါ​ညောင်းကာ
ရွက်​​ဟောင်းတိုင်းက ၊ ငါ့ကို​ပျော်​​စေ
လေမှာလှုပ်​မြူး ​၊ ဆောင်းဦး​ပေါက်​ဝယ်​.....
I shall smile when wreaths of snow
Blossom where the rose should grow;
I shall sing when night's decay
Ushers in a drearier day.
နှင်းဆီပန်း​တွေ ၊ ပွင့်​လန်း​ဝေရာ
နှင်း​ကြွေခါ၌ ၊ ငါ​ပျော်​ရွှင်​မြူး
အပြုံးကူးအံ့ ၊ စိတ်​မူးရင်​​လေး
လမ်းပြ​ပေးသူ ၊ ညကိုချူလျှင်
ကြည်​ဖြူရင်​ဖို ၊ ငါ​တေးဆိုအံ့.....
Emily Bronte ၏ကဗျာကို တို့ကြည့်​သည်​။
Monday, February 23, 2015
November Rain
"November Rain"
နိုဝင်​ဘာမိုး
..............................
When I look into your eyes
I can see a love restrained
But darlin' when I hold you
Don't you know I feel the same
မင်းမျက်​ဝန်းကို ကိုယ်​ကြည့်​တဲ့အခါ
ထိန်းချုပ်​ခံအချစ်​ကိုသာ ကိုယ်​မြင်​ရ
ဒါ​ပေမယ့်​ အချစ်​​ရေ...
ကိုယ်​မင်းကို ​ပွေ့ဖက်​ထားတဲ့အခါ
မင်းလို အတူတူခံစားရတာ မသိဘူးလား
'Cause nothin' lasts forever
And we both know hearts can change
And it's hard to hold a candle
In the cold November rain
ဘယ်​အရာမှထာဝရမတည်​မြဲတာမို့
ကိုယ်​တို့နှစ်​​ယောက်​လုံးသိထားတယ်​​နော်
နှလုံးသား​တွေ​ပြောင်းလဲနိုင်​တယ်​လို့​လေ
ဒါ​ပေမယ့်​...
အေးစက်​စက်​နိုဝင်​ဘာမိုးစက်​​တွေ​အောက်​မှာ
ဖ​ယောင်းတိုင်​အလင်းကိုထိန်းဖို့ဆိုတာ
ခက်​ခဲ​နေမှာပဲ အချစ်​​ရေ.......
We've been through this
such a long long time
Just tryin' to kill the pain
ကိုယ်​တို့က..
ဒီလိုကာလများစွာကိုဖြတ်​သန်းပြီးပြီ
နာကျင်​မှု​တွေကို ကုစားဖို့်​မဟုတ်​လား ဟင်
But lovers always come
and lovers always go
An no one's really sure who's lettin' go today
Walking away
ဒါ​ပေမယ့်
ချစ်​သူ​တွေ အမြဲတမ်း​ရောက်​လာကြတယ်
ချစ်​သူ​တွေ အမြဲတမ်းထွက်​သွားကြတယ်
ဘယ်​သူကမှ ထွက်​ခွာခွင့်​မ​ပေးတာသေချာပါရဲ့
If we could take the time
to lay it on the line
I could rest my head
Just knowin' that you were mine
All mine
So if you want to love me
then darlin' don't refrain
Or I'll just end up walkin'
In the cold November rain
စိုးရိမ်မှု​တွေကို ရပ်​တန့်ဖို့
ကိုယ်တို့​မှာ အချိန်​ကာလတစ်​ခုပိုင်​ဆိုင်​ခွင့်​ရခဲ့ရင်
ကိုယ်​​ခေါင်း​အေးရမှာ​ပေါ့​နော်
မင်းကို ကိုယ်​ပိုင်တယ်​ ချစ်​သူ
မင်းနဲ့ပတ်​သက်​သမျှအားလုံး
ကိုယ်​ပဲ ပိုင်​ဆိုင်​တယ်​ဆိုတဲ့အသိနဲ့​လေ
ဒါ​ကြောင့်​ အချစ်​​ရေ......
ကိုယ့်​ကို ချစ်​ချင်​တယ်​ဆိုရင်
ရှောင်​ဖယ်​​သွေခွာမသွားပါနဲ့​နော်
ဒါဆိုရင်​.....
အေးစက်​စက်​နိုဝင်​ဘာမိုး​ရေထဲမှာ
ကိုယ်​လက်​​လျှောက်​တာကိုရပ်​တန့်​မိလိမ့်​မယ်
(ခဲ​လေသမျှ သဲ​ရေကျလိမ့်​မယ်​ ချစ်​သူ....)
Do you need some time...on your own
Do you need some time...all alone
Everybody needs some time... on their own
Don't you know you need some time...all alone
မင်းမှာ ကိုယ်​ပိုင်​အချိန်​လိုအပ်​သလား ချစ်​သူ
မင်းမှာ တစ်​ကိုယ်​​ရေအချိန်​ရှိရဲ့လား ချစ်​သူ
လူတိုင်း သူတို့ရဲ့ သီးခြားအချိန်​​တွေလိုတယ်
မင်းမှာ အဲ့ဒီ လိုအပ်​ချက်​ကို​ရော မသိဘူးလား
I know it's hard to keep an open heart
When even friends seem out to harm you
But if you could heal a broken heart
Wouldn't time be out to charm you
အ​ပေါင်းအ​ဖော်​​တွေက မင်းကို ထိခိုက်​​စေတဲ့အခါ
ပွင့်​လင်းတဲ့နှလုံးသားတစ်​ခုကိုထိန်းသိမ်းဖို့
ခက်​ခဲတာ ကိုယ်​သိပါတယ်​ ချစ်​သူ
ဒါ​ပေမယ့်​ ​ကြေကွဲပြီးသားနှလုံးသားတစ်​ခုကို
မင်း ပြန်​လည်​အား​မွေးနိုင်​ခဲ့ရင်​....
မင်းကို အချိန်​ကာလက ​အေးမြ​စေမှာမဟုတ်​လား
Sometimes I need some time...on my own
Sometimes I need some time...all alone
Everybody needs some time... on their own
Don't you know you need some time...all alone
တစ်​ခါတစ်​ရံ ကိုယ့်​ရဲ့ ကိုယ်​ပိုင်​အချိန်​လိုတယ်
တစ်​ခါတစ်​ရံ ကိုယ့်​ရဲ့ အထီးကျန်​အချိန်​လိုအပ်​တယ်
လူတိုင်း ကိုယ်ပိုင်အချိန်လိုတာေ​​​​ပါ့
မင်းရဲ့ တစ်ကိုယ်တည်းအချိန် လိုအပ်​တာသိရဲ့လား ချစ်​သူ
And when your fears subside
And shadows still remain
I know that you can love me
When there's no one left to blame
So never mind the darkness
We still can find a way
'Cause nothin' lasts forever
Even cold November rain
မင်းရဲ့​ကြောက်​ရွံ့မှု​တွေ ​လျော့ပါးလာတဲ့အခါ
ပုံရိပ်​​တွေ ကျန်​​နေအုံးမှာပဲ အချစ်​​ရေ..
မင်းကိုအပြစ်​ဆိုမယ့်​သူ မရှိ​တော့တံအခါ
မင်း ကိုယ့်​ကိုချစ်​နိုင်​မယ်​ဆိုတာ ကိုယ်​သိရဲ့
ဒါ​ကြောင့်​ ​မှောင်​မိုက်​ခြင်းကို မ​ကြောက်​ပါနဲ့
ကိုယ်​တို့အတွက်​ လမ်းတစ်​ခုရှိရမယ်​ကွဲ့
ဘာ့​ကြောင့်​ဆို....
အေးစက်​စက်​နိုဝင်​ဘာမိုးလိုပဲ
ဘယ်​အရာမှထာဝရမမြဲဘူ​လေ
Don't ya think that you need somebody
Don't ya think that you need someone
Everybody needs somebody
You're not the only one
You're not the only one
မင်း တစ်​စုံတစ်​​ယောက်​ကိုလိုအပ်​တယ်​လို့မထင်​ဘူးလား
လူတိုင်းက တစ်​စုံတစ်​​ယောက်​ကို လိုအပ်​စမြဲ​လေ
မင်းက တစ်​ကိုယ်​တည်းမဟုတ်​ပါဘူး
မင်းက တစ်​​ယောက်​တည်းမဖြစ်​ရဘူး ချစ်​သူ.....
Guns & Rose ရဲ့ November Rain ကို စွဲစွဲလန်းလန်းကြိုက်​ခဲ့​သော ချစ်​သူငယ်​ချင်း (မိန်းမမရ​တော့တဲ့​ကောင်​) လင်​​အောင်​သွီး အတွက်​ ထင်​သလို ဘာသာပြန်​ပါသည်​။
Friday, February 20, 2015
အများမကြိုက်​တဲ့ကဗျာ
အများမကြိုက်​တဲ့ကဗျာ
..................................
က က​လေးငယ်​ ချစ်​စဖွယ်​ဟု
ငယ်​ငယ်​ဘဝ ဆို​ရေးလှစဉ်
လောကဇာတ်​ခုံ အဖုံဖုံ၏
ဆန်​စုန်​သ​ဘော ဒုက္ခ​တောကို
ရော​နှော မြင်​မိ အသိမရှိ​သေး.......
ဆယ်​​ကျော်​သက်​ရွယ်​ လူငယ်​ချာတိတ်
ရင်​ခုန်​စိပ်​စဉ်​ ​ချွေးသိပ်​ချစ်​သူ
အား​ပေးကူလို့ ရင်​ဆူ​မောဟိုက်
သောကအမှိုက်​ကို နှစ်​ခြိုက်​တတ်​ခဲ့​သေးပြန်​၏.....
အပြုံးမလွယ်​​နော်​ သုံးဆယ်​​ကျော်​မှ
ငါ့ကို ချစ်​သူ ငါ့မုန်းသူကို
အတူတူခွဲလျက်​ မှတ်​သားတတ်​၍
လျှို့ဝှက်​လွန်းလှ လူ့စိတ္တကို
ကျကျနနသိလိုက်​ပြီ.......
ဪ.....လူဆိုသည်​မှာ
သာရာတွင်​​ပျော်​ ​ကျော်​ရာတွင်​​နေ
တေရာတွင်​ဆိုး ခိုးရာတွင်​​မွေ့
ကွေ့ရာတွင်​စား မှားရာတွင်​ကျင်​လည်
လွယ်​ရာတွင်​လုပ်​ ခုတ်​ရာတွင်​ကျွမ်း
ဖြီးဖြန်းရာတွင်​ပိုင်​ လူလူချင်းလည်းချိုင်​ကြပြီ....
Thursday, February 19, 2015
ကိ​လေသာအကျိုး
ကိ​လေသာအကျိုး
...........................
ညအရိပ်​ထဲ
ငါ့စိတ်​မည်း​တွေ
မွဖိတ်​ကျဲ​နေ.....
ရမ္မက်​အဟုန်
တက်​ကုန်​​မျောလွင့်
မောခွင့်​မ​ပေး.....
လောဘအဆိပ်
သောကနိမိတ်
မောဟတဖိတ်​ဖိတ်​.....
သမာဓိထူ
မဟာသတိကူ
တဏှာပိသူပင်​ပန်းဘိ......
တွေ​ဝေ​ငေး​မော
အ​ခြေ​နေ​ဆေး​ကြော
သွေ​ကြောများစွာတုန်​ချိချိ.....
သံသရာဝဋ်​​ဘေး
ကံကြမ္မာလွတ်​​ရေး
ဖန်​တစ်​ရာဇွတ်​​တွေး......
ဝဲဂယက်​ထဲမှာ
စွဲမက်​လျက်​တွဲပါ
ပွဲထွက်​မပြတ်​ငရဲမှာ.....
Wednesday, February 18, 2015
နွေဦး​တေး
နွေဦးတေး
................
ကျီးကန်းပေါက်စလေးတွေ
လက်ပံပွင့်နီနီတွေကိုငေးကြည့်
အသိုက်ထဲမှာ.....ကျလိကျလိ။
Tuesday, February 17, 2015
ခေါင်း​လောင်း
တို့​ကျောင်း​တော်​က​ခေါင်း​လောင်း​အော်​သံ
...............................................................
ပန်းက​လေးများ ပွင့်​​တော့မည်
ဖူးတံဝင့်​လို့ချီ
နေခြည်​မှာ​ရွှေရည်​​လောင်း
ငါတို့စာသင်​​ကျောင်း....။ ။(မူလတန်းပုံနှိပ်​)
ပွင့်​​တော့မယ့်​ပန်း​လေး​တွေက
ရနံ့​တွေတကယ်​​မွှေးပါ့မလား
အဆိပ်​သင့်​​နေခြည်​မှာ​ရွှေရည်​ဖြာတာ​တွေကွာကျ
ဥပ​ဒေ​ပေါ်ကပညာ​ရေးထဲတဝဲဝဲ
ဖတ်​စာအုပ်​​တွေမဲခွဲရင်းခုန်​ဆွခုန်​ဆွ
Degrees​​တွေကိုလည်းရွံလှပြီ
ကျောင်းသား​တွေကိုအရက်​ဆိုင်​ပို့တာဘယ်​သူလဲ
ကျောင်းသူ​တွေကိုKTVပို့တာဘယ်​သူလဲ
မ​ရေရာတဲ့ပညာ​ရေးထဲကလူငယ်​​တွေ
စံပြပုဂ္ဂိုလ်​မရှိကြတဲ့ဆယ်​​ကျော်​သက်​​တွေ
ခပ်​ညံ့ညံ့အစိုးရရဲ့ခပ်​ဆိုးဆိုးအကျင့်​​တွေက
သူတို့ဘဝ​တွေကို​ချေမွသွား
ငါ​တွေးရင်းလက်​ယားလိုက်​တာကွာ
ရွှေဘုန်း​တော်​တိုးပါလို့
ငွေမိုး​တွေရွာ၊
နိုင်​ငံ​တော်​ပြည်​အ​ရေးက
သာလှတယ်​​လေး။(အဌမတန်းပုံနှိပ်​)
အိပ်​မက်​ နဲ့ လက်​​တွေ့ ​ဝေး​ဝေးသွား
ရွှေဘုန်း ​ငွေဘုန်း အပြိုင်​ထွားတဲ့လူကြီး​တွေ
တိုင်းရင်းသားများရဲ့အ​ခြေအ​နေ
ပြည်​သူ​တွေရဲ့ အ​နေအ​ဖြေ
သိနိုင်​ပါ​စေ ကဗျာ​လေး​ရေ......
ပြည်​တွင်း​ရေးမသာယာသမျှ
ပြည်​ပရဲ့ယုံကြည်​မှုကမခိုင်​မာ
အပြစ်​မဲ့​သေဆုံးခဲ့ကချင်​​တွေကလည်းတို့လူမျိုးပဲ
အပြစ်​မဲ့တိုက်​ပွဲကျခဲ့တာလည်းတို့ပြည်​သူပဲ
နည်းနည်း​တော့ကိုယ်​ချင်းစာပါ​ခေါင်း​ဆောင်​ကြီး​ရေ
စာသင်​​ကျောင်းထဲက​​ခေါင်း​​လောင်းသံ
နဝင်​ပီယံချိုပါ​စေ
ပန်းက​လေးများ အစစ်​အမှန်​​မွှေးပါ​စေ
စပါး​ရွှေဝါ ဝင်းပါ​စေ။ ။
Monday, February 16, 2015
မ​မေ့ရက်​ဘူးအချစ်​ဦး​ရေ
မမေ့ရက်ဘူးအချစ်ဦးရေ
-----------------------
တောင်ပြာတွေငို
ချယ်ရီငိုပြီ
ရင်ကို ထိခတ်
မျက်ဝန်းနက်ကြောင့်
သွေးပျက် မောလျ
အလွမ်းညတွေ
ငါ့ကို နှိက်စက်ကြာခဲ့ပြီ။     ။
မေ့ဖို့ကြိုးစား
မေ့နိုင်အားမရှိ
သူ၏ အပြုံး
နှင်းတွေရှုံးလောက်
အမုန်းနောက်ထပ်
ငါ့ကို ဆက်ခဲ့
အရက် ခေါင်ရည် အဖော်ဖြစ်ပြီ။   ။
ကြာခဲ့ပါပြီ
ကြာခဲ့ပြီလည်း
ဟိုဆီ ငေးမော
ပြန်၍ပြောလျှင်
ရင်မှာ နွမ်းလျ
ချစ်ခဲ့သမျှတွေ
ကာရာအိုကေ
ကြိတ်ရယ်နေလိမ့်
နန်းရေ   မှတ်မိသေးရဲ့လား။     ။
                 နေမျိုးအောင် သို့
လူလည်
လူလည်
.............
မျက်စိတစ်ဆုံး
ငါ့စကားကိုနားထောင်နော်
ဇာတာကြည့်မနေနဲ့
အချစ်ကဓားသွားလိုပဲ
သိမ်မွေ့ တဲ့နင့်စိတ်ကလေးကို
ငါထိန်းချုပ်ထားမယ်လေ
Sunday, February 15, 2015
The sun has set
The Sun Has Set
နေဝင်​ခဲ့ပြီ
.................
The sun has set, and the long grass now
Waves dreamily in the evening wind;
And the wild bird has flown from that old gray stone
In some warm nook a couch to find.
နေဝင်​ခဲ့ပြီ
ရှည်​လျားတဲ့မြက်​ပင်​​တွေက အခု​တော့
ည​နေရဲ့​လေပြည်​ထဲမှာ
အိပ်​မက်​ဆန်​ဆန်​​ဝှေ့ယမ်းယိမ်းနွဲ့
တောငှက်​တစ်​​ကောင်
အဲဒီ မှိုင်းပျပျ​ကျောက်​​ဆောင်​​ပေါ်ကထပျံသွား
နွေး​ထွေးတဲ့သီးသန့်​​နေရာမှာအ​​ဖော်မွန်​​ကိုရှာ​ဖွေဖို့
In all the lonely landscape round
I see no light and hear no sound,
Except the wind that far away
Come sighing o'er the healthy sea.
အထီးကျန်​ရှု​မျှော်​ခင်းတစ်​ပြင်​လုံးထဲ
ငါ့မှာ​တော့ အလင်း​ပျောက်​ အသံ​ပျောက်
တည်​ငြိမ်​ခန့်​ညားတဲ့ပင်​လယ်​​ကြီးအ​ပေါ်မှာ
သက်​ပြင်းချ အနားယူဖို့​ရောက်​လာတဲ့
ဟိုး..အ​ဝေးက​လေညင်းကလွဲလို့​ပေါ့
Emily Bronte ၏ ကဗျာကို ​ဆေးသုတ်​သည်​။
Saturday, February 14, 2015
အပိုင်းအစများ(၇)
အပိုင်းအစများ(၇)
...........................
ရာဇဂြိုဟ်မြို့တွင်းသို့ ဆွမ်းခံကြွဝင်တော်မူလာသော
မြတ်ဗုဒ္ဓ ၏ မျက်ဝန်းဣနြေ္ဒကို ကြည်ညိုမဆုံးတော့ပေ
ပထဝီ။ ဣဿာ။ သမ္မာဒိဌိ။
ဟေတုပစ္စယော။မုဒိတာ။အဝိဇ္ဇာ။
ချစ်သားအာနန္ဒာ ဟု အစပြုတတ်၏
ပါပသ္မိံ ရမတိ မနော။
သန္တုဌိ ပရမံ ဓနံ။
သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။
သဒိသံ ပါကံ ဇနေတိ။
သုဘဒ္ဒရဟန်းအား တရားဟောတော်မူပြီးနောက်...........
မနက်ဖြန် ကမ္ဘာကြီးကို စစ်ကြေငြာမည်
ဒါပေမယ့် ငါ့မှာ ဘာလက်နက်မှမရှိ
ပြီးတော့လည်းပြီသွားတာပါပဲ
ဘုရင့်နောင်လည်းကြောက်တတ်တာပဲ
ဆီတစ်ပိဿာတစ်မူးခွဲဆိုပါတော့
ငါ့ကိုသာ ခွင့်တောင်းခဲ့မယ်ဆိုရင်....
နတ်သျှင်နောင်ကိုအလည်ခေါ်ချင်ခေါ်ပေါ့
မာကျစ်ကျစ်အပြုံးနဲ့ သူ ငိုပြသည်
ချောင်ချိချိအမဲ့နဲ့ ငါ ရယ်လိုက်ရ၏
ဒီလိုနဲ့ မိုးသောက်ခဲ့ပြန်ပြီ ချစ်သော ဧရာဝတီ...
အပိုင်းအစများ(၆)
အပိုင်းအစများ(၆)
...........................
မော်​ရင်​ဟို​လေကြီးတတ်​သည်
ကို​စောငြိမ်းကိုလွမ်းပါ၏
ဝက်​သားတုတ်​ထိုး နင်​ ကြိုက်​လား
Life is a gambling........watch it.
သမိုင်းဆရာများ​ရေခဲ​ရေ​ရောင်း​ကောင်းပါ​စေ
ဝါသာခါလိုကြွယ်​ဝလျှင်​​တော်​ပါပြီ​မြေးရယ်
ဘာအပင်​မှမရှိတဲ့​နေရာမှာ​ရေ​လောင်း​နေတာတဲ့
ဓူဝံကြယ်​ရဲ့မှတ်​ပုံတင်​ကဒ်​​ပျောက်​သွားလို့တဲ့​အေ
ငါ့​လောဘကို မတားပါနဲ့
နင့်​ကိုမှ ချစ်​ခဲ့မိတာကိုး
ကျုံး​ရေ​တွေက ph 7 မပြည့်​ဘူးကွ
ငါး​တွေကို​တော့သနားပါတယ်​ဟယ်
ပွဲ​ဈေးတန်းမှာ က ခ ဂ ဃ င ​ရောင်းသလား
ပုဏ္ဏား​လေးခမြာ တြီဂိုမတွတ်​တတ်​ဘူး
ငါ့ကို သတ္တိတစ်​မူး​လောက်​မျှပါ
ကျေးရွာအုပ်​ချုပ်​​ရေးမှုးကို ရင်​ဆိုင်​ရဲပြီ
အချစ်​တစ်​ပွဲနဲ့စစ်​ပွဲတစ်​ရာ
ဖူဂျီဆပ်​ပြာနဲ့​လျှော်​​ပေါ့
သရက်​​တွေ​တောင်​ဖူး​တော့မယ်​​နော်
Friday, February 13, 2015
အပိုင်းအစများ(၅)
အပိုင်းအစများ(၅)
..........................
ရှာရာပါဗို​နေ​ကောင်းသွားပြီလား
လျက်​ဆားတစ်​ထုပ်​ဝယ်​လိုက်​ပါ
လမ်း ၃၀ မှာ ​ကောင်​မ​လေး ​ဈေး​ရောင်း၏
ကံကြမ္မာကို အ​ကြော​ဆေးထိုးရမည်
ပီရာဘ​ရော့နန်​ကို ရ​အောင်​ဖမ်းကြ
ဘာဖြစ်​ဖြစ်​​အေး​အေး​ဆေး​ဆေးပါပဲ
မုန့်​တီတစ်​ပွဲစားလိုက်​ရပြီ
နေ​ရောင်​ခြည်​ကို ​ချော့​မော့​ပြောတာဆို
ပန်း​တွေကို ပါဠိစကားသင်​ဖို့လိုပြီ
လောက်​ကိုင်​မြို့ကြီး​နေ​ကောင်းပါ​စေကွယ်
ဒိုင်း ဒိုင်း ဒိုင်း ခဏခဏမဖြစ်​​အောင်
စံဇာဏီဘိုထံမှာ ယတြာ​ဆောင်​ပါလား
စစ်​သား​တွေကို ငါတို့ချစ်​တယ်
ငြိမ်းချမ်း​ရေးနဲ့ လွဲ​နေတာဘာ​ကြောင့်​လဲ
နွား​တွေ ကုန်​ပြီ
သစ်​​တွေ ကုန်​ပြီ
ဘာ​ပြော​ပြောမြန်​မာ​တွေအလှူအတန်းမပြတ်​ဘူး
ပိ​တောက်​​တွေ​ရွှေရည်​လူးချိန်​မှာ​တော့
သေနတ်​​တွေသိမ်းခိုင်း​ပါ​တော့ခေါင်း​ပေါင်းကြီးရယ်
Thursday, February 12, 2015
အပိုင်းအစများ(၄)
အပိုင်းအစများ(၄)
...........................
ကောင်မလေးထံပါဆယ်တစ်ခုပို့ချင်သည်
ပါဆယ်ပေါ်မှာ`ဒဿဂီရိနောက်တစ်ယောက်´ဟုရေးမည်
အထဲမှာထည့်လိုက်မှာကဒေါသဖြစ်နေတဲ့ဟစ်တလာ
အနာဂတ်ဆိုတာပစ္စုပ္ပန်ရဲ့အမှုန်တွေလား
ငါ့စကားကိုကြားတော့အိုင်းစတိုင်းလဲကျသွားသည်
အသိဥာဏ်နည်းသောခေါင်းကိုမုန်းသည်
အကြောင်းပြချက်တွေကိုမုန်းသည်
ထမင်းပူပူကိုဟင်းဆူဆူနှင့်စားချင်သည်
သစ်ရွက်တွေကိုလိမ်ညာတတ်အောင်သင်မပေးပါနဲ့
ကေအေတီလိုအသည်းကွဲပါစေ
ဘုရားပေးသောလက်တွေလေဖြတ်စေသား
နာဠာဂီရိအတွက်ဘီယာကျန်သေးလား
Diamond Plaza မှာထန်းလျက်မရောင်းဘူးဆို
နွေရောက်ရင်ငါ့ကိုလွမ်းစမ်းပါ
လသားအရွယ်အချစ်ကသီချင်းမဆိုတတ်သေးဘူး
ရွှေဘိုသနပ်ခါးလိမ်းပါတော့
Wednesday, February 11, 2015
အပိုင်းအစများ(၂)
အပိုင်းအစများ(၂)
..........................
လက်​ပံ​တွေပွင့်​ပြီမို့ငါတို့လွမ်းရ​တော့မယ်
အဲလိုကြီးခပ်​တည်​တည်​မ​နေပါနဲ့​လောကဓံရာ
သူလည်းငါ့ကိုသတိရမှာပါမခင်​နှင်းဆီ
ရေချိန်​ကိုက်​​နေတဲ့အမုန်းက
စပယ်​အပြုံးနဲ့လှလို့ပါလား
Good Morning ကထုတ်​လုပ်​ပါသည်
တံခါးကိုဖြည်းဖြည်းပိတ်​ပါမိတ်​​ဆွေ
သင်​ဆိုးလျှင်​ကျွနု​ပ်​​ကောင်းမည်​ဆိုပါလား
ရွေး​ကောက်​ပွဲနီး​လေ​လေငါတို့​ပျော်​​လေ​လေ
ဘယ်​​တော့မှဝံပု​လွေ​တွေရဲ့သက်​​တော်​​စောင့်​မလုပ်​နဲ့
ငါ့မာနနဲ့ငါသူ့ကိုထိုင်​ကန်​​တော့လိုက်​တယ်
Order is Law ​ခေတ်​ကုန်​သွားပြီတဲ့​တော်
လမ်း​ပေါ်မှာရဲရဲ​အော်​ကြည့်​​ပေါ့
ငါ့အချစ်​ကို​ဈေး​လျှော့ရမှာလား​ဝေသာလီ
ကြိုင်​...
စိန်​စီထားတဲ့နန်း​တော်​တစ်​ခု
လုလို့ရရင်​ လုချင်​တယ်
                             သန်း​ဖေ
Monday, February 9, 2015
အေးပါကွာ
အေးပါကွာ
................
ကျုပ်​အတွက်
နှစ်​တစ်​ရာပြည့်​​မွေး​နေ့ပွဲကအ​ရေးမကြီးဘူး
ပြည်​သူ​တွေချမ်းသာ​အောင်​ကြိုးစား​ပေးဖို့
အားလုံးမှာတာဝန်​ရှိတယ်
အေးပါကွာ
အချင်းချင်းအပြစ်​​ပြောပြီးရပ်​မ​နေကြနဲ့
ကချင်​​တွေကငါတို့တိုင်းရင်းသား​တွေ​နော်
ဟုတ်​လား
အေးပါကွာ
နိုင်​ငံတစ်​နိုင်​ငံတိုးတတ်​ဖို့
ပညာ​ရေးကအဓိကဖြစ်​တယ်​​ဟေ့
စဉ်းစား စဉ်းစားကြ
အေးပါကွာ
ဒီမိုက​ရေစီကို လိုချင်​ရင်
တစ်​တိုင်းပြည်​လုံး ညီညွတ်​မှဖြစ်​မယ်
စည်းကမ်းရှိမှဖြစ်မယ်
ဟုတ်​လား
အေးပါကွာ
အများအတွက်​​ဆောင်​ရွက်​တဲ့​နေရာမယ်
ကျုပ်​တို့ ကိုယ်​တိုင်​ရိုးသားရမယ်
ပြတ်​သားရမယ်​ အဂတိတရားကင်းရမယ်
ဟုတ်​လား
အေးပါကွာ
ခေါင်း​ဆောင်​ဖြစ်​ဖြစ်​ ငယ်​သားဖြစ်​ဖြစ်
ကိုယ့်​လုပ်​ရပ်​အတွက်​တာဝန်​ယူရဲရမယ်
ကိုယ်​မလုပ်​နိုင်​တာကို လုပ်​နိုင်​တဲ့သူလွှဲ​ပေးရဲရမယ်
ဟုတ်​လား
အေးပါကွာ
အိမ်​ထဲက​နေမျိုးချစ်​စိတ်​ရှိတယ်​ဆိုပြီး
အော်​ပြ​နေရုံနဲ့မပြီးဘူး
FB ​ပေါ်မှာ ဆဲကြ ငြင်းကြရုံနဲ့မရဘူး
လုပ်​စရာရှိတာ ဆက်​လုပ်​ကြ​တော့
ဒါပဲ
အေးပါကွာ
Saturday, February 7, 2015
A lover Concerto
A Lover Concerto
ချစ်​ခြင်း၏သံစဉ်
...............................
How gentle is the rain
that falls soaftly on the meadow
Birds high up on the trees
serenade the clouds
with their melodies
မိုးစက်​​လေး​တွေ သိမ်​​မွေ့သက်​ဆင်း
မြက်​ခင်း​ပေါ်မှာ နူးညံ့စွာ တငြိမ့်​ငြိမ့်​ခင်း
ငှက်​​တွေကသစ်​ပင်​ကြီးများအ​ပေါ်ပျံသန်းကြ
ဟိုး...မြင့်​မြင့်​ တိမ်​​တွေကို ​တေးဆိုပြ
သူတို့ရဲ့​သံစဉ်​တွေ လွန်​စွာလှပ
Oh...see there beyond the hill
the bright colors of the rainbow
Some magic from above
made this day for us
just to fall in love
အို..​တောင်​တန်းကြီးရဲ့ဟိုဘက်​မှာ​တော့
သက်​တံ​ရောင်​စုံ​တောက်​ပ​နေတာ​ပေါ့
ဒီလို ​မှော်​ဆန်​ဆန်​​နေ့တစ်​​နေ့မှာ
ငါတို့ရဲ့အချစ်​​တွေကို​မွေးဖွားလာ
ကမ္ဘာကြီး​ရေ မင်္ဂလာပါ......
Oh..you'll hold me in your arms
and say once again you love me
and if your love is true
everything will be just as wonderful
ငါ့လက်​​မောင်း​တွေ နင်​တွဲခို
ငါ့ကိုချစ်​တဲ့ကဗျာ နင်​ထပ်​ဆို
နင့်​အချစ်​​တွေမှန်​ခဲ့ရင်​​တော့
အရာရာဟာ အံသြစရာ​ပေါ့
Now I belong to you from this day
untill forever
just love me tenderly
And I'll give to you every part of me
အခု ငါကနင့်​ကိုပိုင်​ဆိုင်​ခဲ့ပြီကွယ်
ယ​နေ့မှစ ထာဝရတိုင်​ကွယ်
ငါ့ကိုသာ ကပိုကရိုချစ်​လိုက်​ပါ
ငါပိုင်​သမျှ နင့်​ကို​ပေးချင်​တာ
Oh...don't ever make me cry
thru long lovely nights without love
be always true to me
keep this day in your heart eternally
အို..ငါ့ကိုဘယ်​​တော့မှငို​အောင်​မလုပ်​ပါနဲ့​နော်
အချစ်​မရှိတဲ့တစ်​ကိုယ်​​ရေညများကို​ကျော်
အမြဲတမ်းငါ့အတွက်​ စစ်​မှန်​​နေပါလား
ဒီ​နေ့ကိုနင့်​နှလုံးသားမှာရာသက်​ပန်​သိမ်းဆည်းထား
Kelly Chen ၏ သီချင်းစာသားကို ကဗျာစပ်​သည်​။ ။
Thursday, February 5, 2015
နာကျင်​ခြင်း
နာကျင်​ခြင်း
...................
အဖြူ​ရောင်​မိုးစက်​​တွေ
တနင့်​နင့်​ရွာသွန်းခဲ့​ပေမယ့်
ငါ့ကိုမယုံတဲ့​မြေကြီးက
အပူစ​တွေကျဲဖြန့်
လွန်​​လေပြီး​သောအက္ခရာများ
ရယ်​​မောစရာဖြစ်​ခဲ့သလား
ဘုရားသခင်​ တိတ်​တိတ်​​နေပါ
စွန့်​လွှတ်​ဖို့မ​ကြောက်​​ပေမယ့်
ငါ့ကိုနားမလည်​မှာ​ကြောက်​တယ်
တစ်​ခါတစ်​ရံ
မာနကိုတိုင်​ပင်​ပြန်​​တော့
အနာဂတ်​ကလက်​ကာပြတယ်
ရွှေ​ရောင်​​တောက်​တဲ့​ဒေသမှာ
ဝေမျှစရာရှာကြည့်​​တော့
သံသယ​တွေကိုပဲ​တွေ့တယ်
မေ​မေ​ရေ...
သားကို ခွင့်​လွှတ်​ပါ.....
လျှောက်​လဲချက်
လျှောက်​လဲချက်
.........................
ပတ်ဝန်းကျင်ကငါ့ကိုကာယဝိဝေကနဲ့ဇွတ်ပေးစားခဲ့တယ်
မ​နေ့က​​မွှေးခဲ့တဲ့​မျှော်​လင့်​ချက်​​တွေတုံဏှိဘာ​ဝေ
သူမရဲ့​သွေးထဲမှာ ​ငွေစက္ကူ​တွေလှည့်​ပတ်
ကြယ်​တစ်​စင်းရုတ်​တရက်​ ထပွင့်
အ​ကြွေဆပ်​ခွင့်​ရတဲ့​နွေအပူ ပူကဲ
လူ​တွေကလွဲ​ချော်​စရာ​တွေနဲ့နပန်းလုံးဆဲ
ဆု​တောင်းမှားခဲ့​လေသလားကိုသီ​ပေါ​ရေ
"စု​သ​ဘော"ကိုပဲအ​မွေ​ပေးခဲ့တယ်​​လေ
Tuesday, February 3, 2015
ကမ္ဘာ​ကျော်​တို့၏စကားများ
ကမ္ဘာ​ကျော်​တို့၏စကားများ
..........................................
ပြောင်းလဲပါ
ပြောင်းလဲပါ 
ပြောင်းလဲပါ
                                          အိုဗားမား
မဖြစ်​နိုင်​ဘူးဆိုတဲ့စကား
ငါ့အဘိဓာန်​မှာ
မရှိဘူး
                                            နပိုလီယံ
စိတ်​ကူးယဉ်​ခြင်းဟာ
အတတ်​ပညာထက်
ပိုအ​ရေးကြီးတယ်
                                           အိုင်းစတိုင်း
ဝယဓမ္မာ သင်္ခါရာ
အပ္ပမာ​ဒေန
သမ္မာ​ဒေထ
ကြည်
ပဲပြုတ်​ နဲ့ နံပြား ရရင်
စားချင်​တယ်
နင့်​ကိုငါ
အရမ်းချစ်​တယ်
ကဗျာ....
                                         စိုးမင်း​ကျော်
မနက်​ဖြန်
မနက်​ဖြန်​ဟာ မနက်​ဖြန်​မှာမရှိဘူး
..................................................
မခံစားရပဲ​ရေးလိုက်​တဲ့သီချင်းတစ်​ပုဒ်​လို
ဘဝက​ပေါ့​ပျက်​ပျက်​နဲ့​ရွေ့လျား
တိမ်​​တွေလမ်း​ကြောင်းမှားလို့်​အခါမဲ့မိုး​စွေသလား
ငါ့ကို ဝီစကီတစ်​ပြား​ပေးပါ
မ​ရေရာတဲ့ဂုဏ်​သိက္ခာ​တွေ
မ​ရေရာတဲ့တဏှာ​လောဘ​တွေ
မြစ်​​ရေနဲ့အတူစီးဆင်း​စေ....
အမှန်​တကယ်​ဆုံးရှုံးခဲ့တာ​တွေက
အမှန်​တကယ်​ဆုံးရှုံးခဲ့တာမဟုတ်​ဘူး
အမှန်​တကယ်​မရှိခဲ့တာပါ
တိတ်​တခိုးလွမ်းရတာနဲ့
တိတ်​တခိုးသတိရတာ
တော်​​တော်​ကွာခြားတယ်​ ဝါဝါ
နင်​မြင်​တဲ့ဘဝအ​တွေးက ကကြီး
ငါမြင်​တဲ့​လောကအသိက ဏကြီး
ဆုံမှတ်​ဆိုတာအ​ဝေးကြီးပဲ​လေ
ဘာပဲဖြစ်​ဖြစ်
ငါအမြဲဆက်​ချစ်​မယ်
ပျင်းရိ​နေ​သောကဗျာ
ပျင်းရိ​နေ​သောကဗျာ
................................
ဖေ့     ဘာ  ​ဘေ   သ      က
ဘွတ်​  ​တွေ  ကုန်​  တင်း   ဗျာ
သုံး    တင်​   အ    ​တွေ    ​တွေ
ရ       ကြ    ချိန်​     က    လည်း
တာ    မှန်း   ကုန်​    မ     မ
တော်​  မ      ရ        မှန်​    ​ရေး
တော်​  သိ    ကျိုး   တာ    ချင်
စိတ်​  ​ တော့   မ    များ  ​တော့
လေ    ဘူး     နပ်​   ​နေ    ဘူး
နေ     ဆိုး     ဘူး    တယ်  ​ချစ်
ပြီ       တယ်​    ကွာ  ​လေ   သူ