Saturday, February 14, 2015

အပိုင်းအစများ(၇)

အပိုင်းအစများ(၇)
...........................

ရာဇဂြိုဟ်မြို့တွင်းသို့ ဆွမ်းခံကြွဝင်တော်မူလာသော
မြတ်ဗုဒ္ဓ ၏ မျက်ဝန်းဣနြေ္ဒကို ကြည်ညိုမဆုံးတော့ပေ
ပထဝီ။ ဣဿာ။ သမ္မာဒိဌိ။
ဟေတုပစ္စယော။မုဒိတာ။အဝိဇ္ဇာ။
ချစ်သားအာနန္ဒာ ဟု အစပြုတတ်၏
ပါပသ္မိံ ရမတိ မနော။
သန္တုဌိ ပရမံ ဓနံ။
သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။
သဒိသံ ပါကံ ဇနေတိ။
သုဘဒ္ဒရဟန်းအား တရားဟောတော်မူပြီးနောက်...........

မနက်ဖြန် ကမ္ဘာကြီးကို စစ်ကြေငြာမည်
ဒါပေမယ့် ငါ့မှာ ဘာလက်နက်မှမရှိ
ပြီးတော့လည်းပြီသွားတာပါပဲ
ဘုရင့်နောင်လည်းကြောက်တတ်တာပဲ
ဆီတစ်ပိဿာတစ်မူးခွဲဆိုပါတော့
ငါ့ကိုသာ ခွင့်တောင်းခဲ့မယ်ဆိုရင်....
နတ်သျှင်နောင်ကိုအလည်ခေါ်ချင်ခေါ်ပေါ့
မာကျစ်ကျစ်အပြုံးနဲ့ သူ ငိုပြသည်
ချောင်ချိချိအမဲ့နဲ့ ငါ ရယ်လိုက်ရ၏
ဒီလိုနဲ့ မိုးသောက်ခဲ့ပြန်ပြီ ချစ်သော ဧရာဝတီ...

No comments:

Post a Comment